ကော့သောင်းမြို့မှ ထိုင်းနိုင်ငံသို့တရားဝင် သွားရောက်ရောင်းချသည့် ငါးများ ဈေးနှိမ်ခံရ


ကော့သောင်း ၊ သြဂုတ်လ ၁၃ ရက်

ကော့သောင်းမြို့ မှ ရေလုပ်ငန်းလုပ်ကိုင်သည့် ငါးဖမ်းလှေလုပ်သားများ ထိုင်းနိုင်ငံ ငါးဈေးကွက်သို့တရားဝင် ငါးများသွားရောက်ရောင်းချရာတွင် ယခုရက်ပိုင်းအတွင်း ငါးဈေးများနှိမ်၍ ၀ယ်ယူခြင်းခံနေရကြောင်း ဒေသခံငါးဖမ်းလုပ်သားများမှ တဆင့် သြဂုတ်လ ၁၂ ရက်နေ့ က ကြားသိရသည်။


ဒေသခံ ငါးဖမ်းလှေလုပ်သားများ ထိုင်းနိုင်ငံ ငါးဈေးကွက်သို့ သက်ဆိုင်ရာ မြန်မာနိုင်ငံ ငါးလုပ်ငန်း ဌာန တွင်အခွန်အခများပေးဆောင်ပြီး တရားဝင်ခွင့်ပြုချက် အထောက်အထားများဖြင့် ထိုင်းနိုင်ငံငါးဈေးကွက်သို့ သွားရောက်ရောင်းချရာတွင် ငါးဝယ်ယူသည့် ထိုင်းလုပ်ငန်းရှင်များ က သာမန် ငါးဖမ်း နည်းဖြင့်ဖမ်းဆီးရရှိသောငါးမှန်ကန်ကြောင်း၊ အဆိပ်ခတ်ခြင်း၊ ယမ်းခွဲ၍ ငါးဖမ်းခြင်း စသည့် နည်းဖြင့်ဖမ်း ခြင်းမဟုတ်ကြောင်း၊ကန့်သတ်တားမြစ်ထားသည့်ငါးဖမ်းပိုက်၊ကရိယာများဖြင့်ဖမ်းဆီးခြင်း၊ကျန်းမာရေးနှင့်ညီညွတ်မှုရှိမရှိ ၊ တာရှည်ခံစေရန် ဖော်မလင်ကဲ့သို့ ဓာတုဗေဒ.ဆေးရည် ထိုးခြင်း၊စိမ်ခြင်း၊ဖျန်း ထားခြင်းရှိမရှိ၊ အဆိပ်အတောက်ကင်းရှင်းပြီးစားသုံးရန်သင့်ကြောင်းထောက်ခံစာ အပါအဝင် စာရွက်စာတမ်းများ တောင်းခံကြောင်း၊ စာရွက်စာတမ်းမပြည့်စုံလျင် ဝယ်ယူခြင်း မပြုကြောင်း၊ သို့သော် မြန်မာ့ပင်လယ်ပြင်မှဖမ်းယူရရှိသော ငါး၊ပုဇွန် ၊ဂဏန်း စသည့်ရေထွက်ပစ္စည်းများအား ထိုင်းနိုင်ငံပင်လယ် နယ်နမိတ်အတွင်းမှ ဖမ်းယူရရှိ ကြောင်း အမည်ခံ၍ ရောင်းချလျှင်ဝယ်ယူကြောင်း၊ ထိုသို့အမည်ခံရသဖြင့် ငါးဈေး အားပေါက်ဈေးထက်များစွာနှိမ့်ချ၍ဝယ်ယူလျှက်ရှိကြောင်းသိရသည်။


ထိုင်းနိုင်ငံ အနေဖြင့် အမေရိကန်နှင့် ဥရောပသမဂ္ဂအဖွဲ့EU မှ အရေးယူဒဏ်ခတ်ပိတ်ဆို့ မှုများဖြေလျှော့ ပေးခြင်း မရှိ သေးသောကြောင့် ဤ သို့ ဖြစ်ဟန်တူကြောင်း ၊ ဒေသခံ ရေလုပ်သားများအနေဖြင့် ပင်လယ်လှိုင်းလေ အခက်အခဲများအကြားအပင်ပန်းခံ လုပ်ကိုင်ရှာဖွေ သမျှအကျိုးဖြစ်ထွန်းမှု နည်းပါးလျှက်ရှိကြောင်း ၊ မြန်မာနိုင်ငံအနေဖြင့် ပင်လယ်ရေလုပ်ငန်း ဖွံ့ဖြိုးရာ မြို့ကြီးများတွင် ပင်လယ်ရေထွက်ပစ္စည်းရောင်းဝယ်ရေး ဈေးကွက်များ ဖေါ်ဆောင်ပေးရန် လိုအပ်လျှက်ရှိကြောင်း ရေလုပ်သားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ ခေါင်းဆောင် ဦးငြိမ်း မှသုံးသပ်ပြောကြား ချက်အရ သိရသည်။

Iprd Kawthoung
ကော့သောင်းမြို့မှ ထိုင်းနိုင်ငံသို့တရားဝင် သွားရောက်ရောင်းချသည့် ငါးများ ဈေးနှိမ်ခံရ   ကော့သောင်းမြို့မှ ထိုင်းနိုင်ငံသို့တရားဝင် သွားရောက်ရောင်းချသည့် ငါးများ ဈေးနှိမ်ခံရ Reviewed by THITHTOOLWIN on 11:08 Rating: 5
Powered by Blogger.