ကျူးဘားခေါင်းဆောင် ဖီဒဲလ်ကက်စထရို အသက် ၉ဝ ပြည့်မွေးနေ့ ပွဲကို ဟာဗားနားတွင်ကျင်းပ

အသက် ၉ဝ ပြည့် မွေးနေ့ အခမ်းအနားတက်ရောက်လာသော ကက်စထရိုအားတွေ့ ရစဉ်(ဆင်ဟွာ)
    ဟာဗားနား ၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ)

    ကျူးဘားနိုင်ငံတော်လှန်ရေးခေါင်းဆောင် ဖီဒဲလ်ကက်စရိုသည် မြို့ တော် ဟာဗားနားရှိ ကားလ်မက် ( Karl Marx )ကဇာတ်ရုံ၌ သြဂုတ်လ ၁၃ ရက်က ကျင်းပသည့် ၄င်း၏ သက် ၉ဝ ပြည့် မွေးနေ့ အခမ်းအနားကို ညီဖြစ်သူ ကျူးဘားသမ္မတ ရာအူးကက်စထရို နှင့် အတူတက်ရောက်ကာ ရှားရှားပါးပါးလူမြင်ကွင်းသို့ ပထမဆုံးအကြိမ်ပြန်လည်ပေါ်ထွက်လာခဲ့ကြောင်းသိရသည်။

ခေါင်းဆောင်ကြီးသည် ၄င်းပုံမှန်ဝတ်နေကျအနွေးထည်ကိုဝတ်ဆင်ကာ  ဒေသစံတော်ချိန် ညနေ ၆ နာရီတွင် အခမ်းအနားသို့ တက်ရောက်လာကြောင်း ကျူးဘားနိုင်ငံပိုင်သတင်းစာ Granma က ရေးသားထားသည်။ အဆိုပါ အခမ်းအနားသို့ ဧည့်ပရိသတ် ၅ဝဝဝ ကျော်တက်ရောက်ခဲ့ပြီး ၄င်းတို့ ၏  “ ဖီဒဲလ် ၊ ဖီဒဲလ် ၊ ဖီဒဲလ်” ဟူသောကြွေးကြော်သံများ နှင့် “ ဂုဏ်ယူပါတယ် ဖခင်ကြီး” ဟူသော ဂုဏ်ပြုနေပုံများကို ရုပ်မြင်သံကြားဖန်သားပြင်ထက်တွင် ပြသခဲ့ကြောင်းသိရသည်။

၎င်းအခမ်းအနားသို့ အထူးဧည့်သည်တော်များအဖြစ် ဗင်နီဇွဲလားနိုင်ငံ သမ္မတ နီကိုးလက်စ် မက်ဒူရို(Nicolas Maduro) နှင့် ကျူးဘားလွတ်လပ်ရေးသူရဲကောင်းတစ်ဦးဖြစ်သည့် ဂျိုစ့် မာတီ (Jose Marti) တို့ လည်းတက်ရောက်ခဲ့ကြောင်းသိရသည်။

၁၉၅၃ ခုနှစ် ဇူလိုင်လ ၂၆ ရက်တွင် Moncada စစ်တန်းလျားတိုက်ခိုက်ခံရမှုတွင် အသက်ရှင်လွတ်မြောက်ခဲ့ခြင်းအပါအဝင် ကျူးဘားအာဏာရှင် Fulgencio Batista အား ဆန့် ကျင်တော်လှန်ရန်အတွက် ၁၉၅၆ ခုနှစ် ဒီဇင်ဘာ ၂ ရက် တွင် ကက်စထရို ကျူးဘားသို့ ပြန်လည်ရောက်ရှိလာသည့် အတိတ်သမိုင်းပုံရိပ်များကို နိုင်ငံပိုင် Prensa Latina သတင်းဌာနက ထုတ်လွှင့်ပြသခဲ့ကြောင်းသိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ကျူးဘားခေါင်းဆောင် ဖီဒဲလ်ကက်စထရို အသက် ၉ဝ ပြည့်မွေးနေ့ ပွဲကို ဟာဗားနားတွင်ကျင်းပ  ကျူးဘားခေါင်းဆောင် ဖီဒဲလ်ကက်စထရို အသက် ၉ဝ ပြည့်မွေးနေ့ ပွဲကို ဟာဗားနားတွင်ကျင်းပ Reviewed by THITHTOOLWIN on 11:28 Rating: 5
Powered by Blogger.