ဖခင်ကို သားအရင်းဖြစ်သူက တုတ်နဲ့ ရိုက်သတ်မှု့  ဖြစ်ပွား
ဓါတ်ပုံ  -  Ko Lu Pyo
ရေကျော်ကြီးကျေးရွာနေ သေဆုံးသူဦးသောင်းအေး (၆၂)နှစ်ကို သားအရင်းဖြစ်သူ ပိုင်စိုး (၂၈)နှစ်က ဖခင်ဖြစ်သူ ထမင်းစားနေစဉ် အနောက်မှ ၄×၂သုံးပေခန့် အရှည်ရှိ တုတ်ချောင်းနဲ့ ရိုက်သတ်လိုက်ရာ ဦးသောင်းအေးမှာ နေရာတွင် ဦးခေါင်းကြေမွ ဦးနှောက်ထွက် သေဆုံးသွား ခဲ့ခြင်းဖြစ်သည်။
အခင်းဖြစ်နေရာကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ကောကရိတ် ကယ်ဆယ်ရေး RESCUEအဖွဲ့မှ သွားရောက်ခဲ့ပြီး အလောင်းအား ကော့ကရိတ်ဆေးရုံကြီး ရင်ခွဲရုံသို့ ပိုဆောင်ပေးခဲ့ပါသည်။
တရားခံဖြစ်သူကိုလည်း ရွာအနီး လယ်တောအတွင်းမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အချိန်တိုအတွင်း ဖမ်းဆီးရှိခဲ့ ကြောင်း ကိုလူပျို (facebook) မှာ ရေးသားဖော်ပြချက်အရ သိရပါသည်။
by သစ်ထူးလွင်
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Advertisement
သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ
အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်
ကျန်းမာရေးနှင့် ဖျော်ဖြေရေး
တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ
သတင်းစာနှင့် ဂျာနယ်များ