ပွင့်ဖြူမြို့နယ် ရေကြီး


ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ပွင့်ဖြူမြို့နယ်အတွင်း ရှိကျေးရွာများ မြစ်ရေများ ၀င်ရောက်၍ ဘေးလွတ်ရာသို့ယာယီပြောင်းရွှေ့

ပွင့်ဖြူ သြဂုတ် ၂

မကွေးတိုင်း ဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ကမ်းပါး အနီးဝန်ကျင် ကျေးရွာများသို့ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် မြစ်ရေများ ၀င်ရောက်လာကာ ရေဘေးလွတ်ရာ ကုန်းမြင့် နေရာများသို့ ယာယီပြောင်းရွှေ့ နေထိုင်လျက် ရှိသည်။

ပွင့်ဖြူမြို့နယ် ဧရာဝတီမြစ်ကမ်းပါး အနီးရှိ ကျေးရွာများသို့ ဇူလိုင်လ(၃၀) ရက်နေ့မှစ၍ မြစ်ရေများ ၀င်ရောက် လျက်ရှိရာ သြဂုတ်လ (၂)ရက်နေ့တွင် ကူးကြီး၊ ကြီးကုန်း၊ ကျွဲဒိ၊ သံကိုင်း၊ သိမ်းကုန်း၊ ကျောင်းစု၊ ကံလှ၊ ပေါက်ကုန်း၊ ဇီးကျွန်း၊ ငှက်တောကုန်း၊ ကျွန်းကလေး၊ ဘီးဇပ်ခုံ၊ နန်းတော်ကျွန်း၊ ငါးခြောက်ကျွန်း (တ+မ)၊ ထူး၊ ဆည်မုန်း၊ ခုံစု၊ ရှားတော၊ ညောင်ကုန်း၊ ရွာသာညွှန့်၊ ရှားတောညွှန့်၊ အရှေ့လေးအိမ်၊ မြင်းခြံစု၊ ရေချမ်းစဉ် ကျေးရွာ၊ စုစုပေါင်း (၂၅)ရွာသို့ မြစ်ရေ၀င်ရောက် သဖြင့် ရေဘေးလွတ်ရာ ဧရာဝတီမြစ် အရှေ့ဘက် ကမ်းရှိ ရေနံချောင်းမြို၊ သံကိုင်း-ကုန်းဇောင်းလမ်း ဘေးဝဲယာ၊ ကုန်းဇောင်းကျေးရွာရှိ ရွှေကျောင်းဘုရားဝန်း အတွင်း၊ လယ်ကိုင်း ကျေးရွာ၊ ဂါတ်ကုန်းကျေးရွာ ဘုန်းတော်ကြီး ကျောင်းများသို့ ယာယီပြောင်းရွှေ့ နေထိုင်လျက် ရှိသည်။ ရေဘေးရှောင် အိမ်ထောင်စုများရှိရာ နေရာများသို့ သြဂုတ်လ(၁)ရက်နေ့က မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် အဖွဲ့ဝင်များမှ သွားရောက် အားပေးစကားများ ပြောကြားပြီး အိမ်ထောင်စု ၀င်များအား ထောက်ပံ့ငွေနှင့် ရေသန့်ဘူး၊ ခေါက်ဆွဲခြောက်ထုပ်များ ထောက်ပံ့ပေးအပ်ခဲ့သည်။
`ကျောင်းစုကျေးရွာနေ တောင်သူ ဦးထွန်းလွင်မှ ယခုနှစ် မြစ်ရေတက်တာမြန်တယ်၊ ပစ္စည်းသိမ်းချိန် မရလိုက်ဘူး၊ နှစ်စဉ်တက်မြဲဆိုပေမဲ့ ယခင်နှစ်တွေက တဖြည်းဖြည်းတက်တော့ ပစ္စည်းသိမ်းချိန်ရတယ်၊ မဲဇလီ ရေလွှဲဆည် မြောက်မုန်းမြောင်းမကြီးရေလွှတ်တာက နောက်ကျတော့ ယခင်နှစ် ဇန်န၀ါရီလမှာ ပျိုးနှုတ်/ကောက် စိုက်တော့ ဇွန်လဆန်းပိုင်မှာ စပါးသိမ်းပြီးနေပြီ၊ ယခုနှစ် မတ်လဆန်းပိုင်းမှ ဆည်ရေစလွှတ်တော့ ဇူလိုင်လကုန် အထိ စပါးသိမ်းလို့ မပြီးကြသေးဘူး၊ စပါးခင်းအချို့ ရေထဲနစ်ကုန်တာရှိတယ်၊ ရိတ်သိမ်းပြီးစပါးတွေကလည်း မိုးအဆက်မပြတ် ရွာနေတော့ နေလှန်ချိန်မရတော့ အစိုပျံနေတာရှိတယ်၊ အလုပ်သမား ငှားမရတာလဲပါတယ်၊ လုပ်အားခ ယခင်ထက် ထက်ဝက်ပိုပေးလဲ ငှားမရဘူး၊ စပါးဈေးက မျိုးသန့်ရင် တစ်တင်း (၄၈၀၀ိ/-)ကျပ်ရှိတယ်၊ မျိုးမသန့်ရင် (၄၀၀၀ိ/-)ကျပ်ပဲရတယ်၊ ရတနာတိုးစပါးမျိုး အစိုက်များတယ်၊ ရောင်းသူရှိတယ်၊ ၀ယ်သူမရှိ ဖြစ်နေ တယ် ဟုပြောသည်။

အဆိုပါ မြစ်ရေ၀င်ရောက်လျက်ရှိသည့် ကျေးရွာများသို့ တပ်မတော်သားများ၊ မင်းဘူးခရိုင်နှင့် ပွင်ဖြူမြို့နယ် အတွင်းမှ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များမှ ကျေးရွာများအရောက် ကူညီဆောင် ရွက် ပေးနေ လျက်ရှိရာ စေတနာရှင် အလှူရှင်များမှလည်း ကျေးရွာများအရောက် ရေသန့်ဗူးနှင့် စားသောက်ဖွယ် ရာများကို သွားရောက်ကူညီ ထောက်ပံ့ပေးနေလျက်ရှိကြောင်းသိရှိရသည်။

ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ပွင့်ဖြူမြို့နယ် ရေကြီး ပွင့်ဖြူမြို့နယ် ရေကြီး Reviewed by THITHTOOLWIN on 21:33 Rating: 5
Powered by Blogger.