မိမိလက်ကို ဖြတ်ပြီး အာမခံကြေးရဘို့  တောင်းဆိုခဲ့သူ တရားစွဲခံရ


Posted on 26August 2016

ဗီယက်နမ် နိုင်ငံမှာ Li Ting "လိုင်တင် "အသက် (၃၀)အရွယ် အမျိုးသမီး နဲ့  အမျိုးသားတစ်ဦးကို အသက် အာမခံငွေ လိမ်လည် တောင်းဆိုမှုနဲ့  ဖမ်းဆီး စစ်ဆေးနေကြောင်းသိရပါတယ်။

လိုင်တင် ဟာ အသက်အာမခံ ကုမ္ပဏီကနေ ရော်ကြေးငွေ ( ကျပ်သိန်း ၁၅၀၀ခန့်  ) ရဘို့ အတွက် ကားသမားတစ်ဦးနဲ့  ပေါင်းပြီး သူမလက်ကို ကားနဲ့  တက်နင်း ခဲ့ပါတယ်။
ပြီးတဲ့နောက် ဆေးရုံမှာ ထိခိုက်ဒဏ်ရာ ရလို့  ဆေးကု သရတဲ့ စာရွက်စာတမ်းတွေရယူပြီး ရဲစခန်းမှာ အမှုဖွင့် အသက်အာမခံ ကုမ္ပဏီကို တာဝန် ယူ ရော်ကြေးပေးဘို့ တောင်းဆိုခဲ့တာပါ။

သူမရဲ့  ဖြစ်ရပ်ကို ရဲအရာရှိတွေက စစ်ဆေးရင်းနဲ့  လုပ်ဇတ်ခင်းပြီးတမင်လက် ကို ဖြတ်လိုက် တဲ့ အမှုပေါ်လာခဲ့တာကြောင့် ရော်ကြေးမရတဲ့အပြင် တရားရင် ဆိုင်နေရပြီဖြစ်ပါတယ်။

Cong An Nhan Dan (Vietnamese police)
Social Action for Women - SAW
မိမိလက်ကို ဖြတ်ပြီး အာမခံကြေးရဘို့  တောင်းဆိုခဲ့သူ တရားစွဲခံရ  မိမိလက်ကို ဖြတ်ပြီး အာမခံကြေးရဘို့  တောင်းဆိုခဲ့သူ တရားစွဲခံရ Reviewed by THITHTOOLWIN on 20:21 Rating: 5
Powered by Blogger.