နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အလုပ်သဘော နံနက်စာစားပွဲသို့ တက်ရောက်


တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်ပိုင်းတွင် ကျောက်ယုထိုင် နိုင်ငံတော်ဧည့်ဂေဟာ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Wang Yi မှ တည်ခင်းဧည့်ခံသည့် အလုပ်သဘော နံနက်စာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။


ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာသံရုံး၊ ပေကျင်းမြို့သို့ သွားရောက်ပြီး မြန်မာသံရုံး နှင့် စစ်သံရုံးတို့မှ ၀န်ထမ်းများနှင့်တွေ့ဆုံခဲ့ပါသည်။


နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ်နှင့် ကိုယ်စားလှယ်အဖွဲ့အား မြန်မာသံရုံးမိသားစုများမှနေ့လည်စာဖြင့်တည်ခင်းဧည့်ခံခဲ့ပါသည်။


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ယနေ့မွန်းလွဲ ၁၇း၀၀ နာရီတွင် တရုတ်နိုင်ငံဝန်ကြီးချုပ်မှ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည့် အခမ်းအနားသို့ တက်ရောက်မည်ဖြစ်ကြောင်းသိရှိရပါသည်။

ဓါတ်ပုံ- မြန်မာသံရုံး၊ ပေကျင်းမြို့၊
Ministry of Foreign Affairs Myanmar
https://www.facebook.com/mofamyanmar/
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အလုပ်သဘော နံနက်စာစားပွဲသို့ တက်ရောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အလုပ်သဘော နံနက်စာစားပွဲသို့ တက်ရောက် Reviewed by THITHTOOLWIN on 12:29 Rating: 5
Powered by Blogger.