ခရီးသည်တင် နှစ်ထပ်ကားနဲ့  ကုန်တင်ကားတို့  မျက်နှာချင်းဆိုင် တိုက်မိ (၆)ဦးသေ (၃၉ ) ဒဏ်ရာရ


၊ 5August 2016 ။

ဒီကနေ့ သောကြာနေ့ မနက် တစ်နာရီမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ကနေ နကောရစီမား ပြည်နယ်ကိုသွားနေတဲ့ ခရီးသည် (၆၀)ဦးပါ အပြာရောင် ခရီးသည်တင် နှစ်ထပ်ကားနဲ့  ကုန်တွေတင်ဆောင်မောင်နှင်လာတဲ့ ဆယ်ဘီကားတစ်စီးဟာ Sikhiu district စီခရူး ခရိုင်မှာ ခေါင်းချင်းဆိုင် တိုက်ခဲကြကြောင်း သိရပါတယ်။


အခင်းဖြစ်ပွားခဲ့တဲ့ နေရာဟာ 103-104 on the Mittraphap Highway မစ်တာဖအဝေးပြေးလမ်းမကြီးရဲ့ မိုင်တိုင်၁၀၃၁၀၄မှာဖြစ်ပွားခဲ့တာပါ၊ နှစ်ထပ်ကားက (၅)ဦးသေဆုံးပြီး ၃၉ ဦး ဒဏ်ရာရခဲ့ ပါတယ်၊ (၈) ဦးဟာ အတွင်းလူနာ အဖြစ် နီးစပ်ရာမြို့  နယ်ဆေးရုံတွေမှာ အရေးပေါ်ပို့ ဆောင် ဆေးကုခဲ့ရပါ တယ်၊ ကုန်တင်ကားမောင်း သူနဲ့  နှစ်ထပ်ကား ယာဉ်မောင်း နှစ်ဦး စလုံး အခင်းဖြစ်ပွားတဲ့နေရာမှာဘဲ သေဆုံးခဲ့ပါတယ်။


နှစ်ထပ်ကားမောင်းသူဟာ အရှိန်ပြင်းပြင်းမောင်းနေရင်း အိပ်ငိုက်သွားခဲ့တာ လို့  စစ်ဆေးရေးအဖွဲ့ တွေက သုံးသတ်ပြောဆိုနေကြပါတယ်။

(SAW)
ဓါတ်ပုံ เจิ้น เตชะสุวรรณ
Social Action for Women - SAW
ခရီးသည်တင် နှစ်ထပ်ကားနဲ့  ကုန်တင်ကားတို့  မျက်နှာချင်းဆိုင် တိုက်မိ (၆)ဦးသေ (၃၉ ) ဒဏ်ရာရ  ခရီးသည်တင် နှစ်ထပ်ကားနဲ့  ကုန်တင်ကားတို့  မျက်နှာချင်းဆိုင် တိုက်မိ (၆)ဦးသေ (၃၉ ) ဒဏ်ရာရ Reviewed by THITHTOOLWIN on 18:01 Rating: 5
Powered by Blogger.