![]() |
မုန့်တိုက် ပေါက်ကွဲမှုတွင် လောင်ကျွမ်းနေသောမီးများအား မီးသတ်သမားများ ငြှိမ်းသတ်နေစဉ် (ဓာတ်ပုံ- အင်တာနက်) |
အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီတွင် မုန့်တိုက်တစ်ခု၌ ယနေ့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အဆိုပါ ပေါက်ကွဲမှုသည် ယနေ့ နံနက်ပိုင်းက ဒေလီမြို့ အရှေ့ဘက် Khureji နယ်မြေရှိ မုန့်တိုက် တစ်ခုတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အလုပ်သမား ၃ ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲ အရာရှိ တစ်ဦးက ပြော သည်။
ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ယင်းမုန့်တိုက်တွင် အလုပ်သမား ၂၀ ခန့် အလုပ်လုပ်ကိုင်နေခဲ့ကြသည်။ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မီးသတ်သမားများ အလျင်အမြန် ရောက်ရှိလာခဲ့ပြီး အခင်း ဖြစ်ပွားသည့် နေရာမှ လူများအား ရွှေ့ပြောင်း ပေးခဲ့ရကြောင်း သိရသည်။
ရဲတပ်ဖွဲ့ဝင်များက ပေါက်ကွဲမှုအား မှတ်တမ်းတင်ခဲ့ပြီး ဖြစ်ပွားရခြင်း အကြောင်းရင်းအား သေချာအောင် စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
(Xinhua)
http://www.xinhuamyanmar.com
အိန္ဒိယတွင် မုန့်တိုက် ပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံး
Reviewed by THITHTOOLWIN
on
19:32
Rating:
