မင်္ဂလာဒုံမြို့နယ်က အသတ်ခံရတဲ့ မိသားစု(၄)ဦး ဈာပနကို ထောင်နဲ့ချီတဲ့ ပြည်သူတွေ လိုက်ပါပို့ဆောင်


မင်္ဂလာဒုံမြို့နယ်မှာ သြဂုတ် (၂၀) ရက်နေ့က အသတ်ခံခဲ့ရတဲ့ မိသားစု (၄) ဦးရဲ့ နောက်ဆုံးခရီးကို သြဂုတ်လ (၂၂)ရက်က ရေဝေးသုဿာန်မှာ ပြုလုပ်ခဲ့ပြီး အများပြည်သူ ထောင်နဲ့ချီ လိုက်ပါပို့ဆောင်ခဲ့ပါတယ်။ ရဲဝန်ထမ်းဟောင်း ကိုစိုးနောင် အပါအ၀င် သူ့ရဲ့ဇနီးနဲ့ သား(၂)ဦးတို့ဟာ သြဂုတ်လ(၂၀)ရက်နေ့က နေအိမ်မှာ ထိုးသွင်းဒဏ်ရာအသီးသီးနဲ့ အသတ်ခံခဲ့ရတာဖြစ်ပါတယ်။ အမှုနဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့က အပူတပြင်း ဆက်လက်စုံစမ်းလျက်ရှိပေမယ့် လက်ရှိအချိန်ထိတော့ တစ်စုံတစ်ရာပြောဆိုနိုင်ခြင်းမရှိသေးပါဘူး။ သေဆုံးမိသားစုတွေရဲ့ ရက်လည်ဆွမ်းသွတ်ကိုတော့ သြဂုတ်လ (၂၆) ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပါတယ်။

ဓာတ်ပုံ - နာရေးကူညီမှုအသင်း ရန်ကုန်
5 Plus News
https://www.facebook.com/5plusnews/
မင်္ဂလာဒုံမြို့နယ်က အသတ်ခံရတဲ့ မိသားစု(၄)ဦး ဈာပနကို ထောင်နဲ့ချီတဲ့ ပြည်သူတွေ လိုက်ပါပို့ဆောင်  မင်္ဂလာဒုံမြို့နယ်က အသတ်ခံရတဲ့ မိသားစု(၄)ဦး ဈာပနကို ထောင်နဲ့ချီတဲ့ ပြည်သူတွေ လိုက်ပါပို့ဆောင် Reviewed by THITHTOOLWIN on 12:09 Rating: 5
Powered by Blogger.