ကမာ့္ဘရွှေ့ဈေးနှင့်အပြိုင် မြန်မာ့ရွှေဈေး ဆက်လက်မြင့်တက်လာ


ကမ္ဘာ့ရွှေဈေးမြင့်တက်နေမှုကြောင့် သြဂုတ် သုံး ရက်တွင် မြန်မာ့အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၄၀၀၀ ဝန်းကျင်သို့ ထပ်မံမြင့်တက်ခဲ့ကြောင်း ရွှေလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရှိရသည်။

 မြန်မာ့အခေါက်ရွှေသည် သြဂုတ် နှစ် ရက်ဈေးနှုန်းများအရ တစ်ကျပ်သားလျှင် ၈၄၆၀၀၀ ကျပ်မှ သြဂုတ် သုံး ရက်တွင် တစ်ကျပ်သားလျှင် ၈၅၀၀၀၀ ကျပ်သို့ မြင့်တက်လာကြောင်း ရွှေလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။
 “ဒီရက်ပိုင်းမှာ ကမ္ဘာ့ရွှေဈေးပြန်မြင့်နေတဲ့ အတွက် မြန်မာ့ရွှေဈေးပါမြင့်လာတာဖြစ်တယ်။ ဒေါ်လာဈေးကတော့ ငြိမ်နေပြီး ရွှေက အရောင်းအဝယ်ပါးနေတယ်။”ဟု တိတ်စိန်ရွှေဆိုင် ပိုင်ရှင် ဦးဇော်အောင်က ပြောသည်။

 ကမ္ဘာ့ရွှေဈေးသည် သြဂုတ်နှစ် ရက်ဈေးများအရ တစ်အောင်စလျှင် ၁၃၅၀ ဒေါ်လာ ဝန်းကျင်မှ သြဂုတ် သုံး ရက်တွင် တစ်အောင်စလျှင် ၁၃၆၃ ဒေါ်လာသို့ မြင့်တက်လာ ပြီး ဒေါ်လာငွေပေါက်ဈေးသည် ကန်တစ်ဒေါ် လာလျှင် ၁၁၈၅ ကျပ် ဖြင့်ဈေးငြိမ်နေကြောင်း သိရသည်။
 “ကမ္ဘာ့ရွှေဈေးကို အတက်ဘက်မှာ ကြည့်လိုက်တဲ့အခါ အမေရိကန်ဘက်က ဈေးကစားတာကိုတွေ့ရတယ်။ အာရှဈေးကွက်ကငြိမ်နေပေမယ့် အမေရိကန်ဈေးကွက်ကအမြင့်ပိုင်း ကို ပြနေတယ်။ဈေးက ဆက်တယ်မယ် ကျမယ်ဆိုတာ ခန့်မှန်းဖို့ခက်ပါတယ်။”ဟု အောင်သမာဓိရွှေဆိုင် အထွေထွေမန်နေဂျာ ဦးမော်မော်က ပြောသည်။

 မြန်မာနိုင်ငံ၏ အခေါက်ရွှေသည် ဇူလိုင်လအတွင်းက တစ်ကျပ်သားလျှင် ၈၅၀၀၀၀ ကျပ်ဖြင့် အမြင့်ဆုံးဖြစ်ခဲ့ပြီး ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် ၁၃၇၀ ဒေါ်လာအထိ အမြင့်ဆုံးဈေးရှိခဲ့ကြောင်း သိရသည်။

 သြဂုတ်သုံး ရက်၊ နေ့လည်ပိုင်းဈေးများအရ မြန်မာ့အခေါက်ရွှေတစ်ကျပ်သားလျှင် ၈၅၀၀၀၀ ကျပ်၊ ၁၅ ပဲ ရည်တစ်ကျပ်သားလျှင် ၇၉၅၀၀၀ ကျပ်ဝန်းကျင်နှင့် ကမ္ဘာ့ရွှေတစ်အောင်စလျှင် ၁၃၆၃ ဒေါ်လာနှင့် ပြင်ပ ပေါက်ဈေးများအရ အမေရိကန်တစ်ဒေါ်လာလျှင် ၁၁၈၅ ကျပ် ဖြစ်နေကြောင်း ရွှေလုပ်ငန်း လုပ်ကိုင်သူများ ထံမှ သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ကမာ့္ဘရွှေ့ဈေးနှင့်အပြိုင် မြန်မာ့ရွှေဈေး ဆက်လက်မြင့်တက်လာ ကမာ့္ဘရွှေ့ဈေးနှင့်အပြိုင် မြန်မာ့ရွှေဈေး ဆက်လက်မြင့်တက်လာ Reviewed by THITHTOOLWIN on 08:52 Rating: 5
Powered by Blogger.