![]() |
မြန်မာနဲ့ အီတလီက မြေငလျင်ဒဏ်ခံရသူတွေအတွက် ဝမ်းနည်းကြောင်း အမေရိကန်သမ္မတလောင်း Hillary Clintion နဲ့ Donal J.Trump တို့က Twitter မှာ ရေးသားထုတ်ပြန်ထားစဉ်။ Screen Capture from Twitter |
ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton က အီတလီနဲ့ မြန်မာနိုင်ငံက ပြည်သူတွေ ငလျင်ဘေးတွေ ရင်ဆိုင်နေရတာကို ကြားသိရတဲ့အကြောင်း၊ ထိခိုက်သေဆုံးရသူ မိသားစုတွေအတွက် စာနာစိတ်မကောင်းဖြစ်ရကြောင်း လူမှုရေးစာမျက်နှာ Twitter ကတဆင့် ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
အလားတူ ရီပတ်ဘလစ်ကန်ပါတီက သမ္မတလောင်းဖြစ်တဲ့ ဘီလီယံနာသူဌေး Donald Trump ကလည်း မြန်မာနဲ့ အီတလီနိုင်ငံတွေမှာ ငလျင်တွေလှုပ်ခတ်ခဲ့တဲ့အတွက် ထိခိုက်နစ်နာရတဲ့ မိသားစုတွေ အတွက် ဝမ်းနည်းဆုတောင်းမိပါကြောင်း သူ့ရဲ့ လူမှုရေးစာမျက်နှာ Twitter ကနေ သတင်းထုတ်ပြန် ပြောကြားခဲ့ပါတယ်။
RFA Burmese
http://www.rfa.org/burmese
ငလျင်ဒဏ်ခံရသူတွေအတွက် အမေရိကန်သမ္မတလောင်း နှစ်ဦး ဝမ်းနည်းကြောင်း ထုတ်ပြန်
Reviewed by THITHTOOLWIN
on
04:19
Rating:
