ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ကညွတ်ကွင်းမြို့ ရန်ကုန် - မန္တလေး ကားလမ်းဟောင်း မိုင်တိုင် ၁၃၀ အနီးမှာ သြဂုတ် ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ခန့်က အိမ်စီးကားတစ်စီး လမ်းဘေးသစ်ပင်ကို တိုက်မိပြီး တစ်နှစ်အရွယ် ကလေးငယ် အပါအ၀င် လူ(၄)ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
ရန်ကုန်ကနေ တောင်ငူဘက်ကို ယာဉ်မောင်း ၀င်းလွင်ဦးမောင်းနှင်လာတဲ့ အိမ်စီးယာဉ်ဟာ မိုင်တိုင်အမှတ် (၁၃၀)မိုင်အနီးမှာ လမ်းဘေးထိုးကျပြီး သစ်ပင်ကို ၀င်တိုက်ခဲ့မိတာပါ။
ဒါကြောင့် ယာဉ်ပေါ်မှာ လိုက်ပါလာသူ (၆)ဦးအနက် တစ်နှစ်သားအရွယ် ကလေးတစ်ဦးအပါအ၀င်၊ ကျား(၂)ဦးနဲ့ မ(၁)ဦး သေဆုံးခဲ့ပါတယ်။ ကျန်တဲ့ ကျား(၁)ဦး၊ မ(၁)ဦးကိုတော့ ကညွတ်ကွင်းဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ဓါတ်ပုံ - Myint Zaw Htun
ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ယာဉ်တိုက်မှုဖြစ် လူ(၄) ဦးသေဆုံး
Reviewed by THITHTOOLWIN
on
21:51
Rating:
