လောက်ကိုင်မြို့တွင် မိုင်းပေါက်ကွဲမှုဖြစ်ပွား


2-8-2016

သြဂုတ်လ (၂)ရက်နေ့ ညနေ(၄း၃၀)နာရီ အချိန်ခန့်က ရှမ်းပြည်နယ် လောက်ကိုင်မြို့၊ အမှတ်(၃)ရပ်ကွက်၊ ရင်ဖုန်းလမ်းဆုံရှိ ဓါတ်ဆီဆိုင်အနီးတွင် ဆိုင်ကယ်တစ်စီးပေါ်မှ မိုင်းပေါက်ကွဲမှု ဖြစ်ပွားကြောင်း သိရှိရပါတယ်။

မိုင်းပေါက်ကွဲမှုကြောင့် ဆိုင်ကယ်မှာ တစ်စစီပျက်စီးသွားပြီး မောင်းနှင်လာသော ကား(၁)စီးလဲ မိုင်းဆံများထိမှန်ခံရကြောင်း သိရှိရပါတယ်။

အနီးပတ်ဝန်းကျင်ရှိလူနေတိုက်ခန်းများမှ ပြတင်းမှန်များ ကွဲကြေသွားခဲ့ကြောင်းနှင့် အမျိုးသား(၅)ဦး၊ အမျိုးသမီး(၃)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါတယ်။

Nay Myo
လောက်ကိုင်မြို့တွင် မိုင်းပေါက်ကွဲမှုဖြစ်ပွား  လောက်ကိုင်မြို့တွင် မိုင်းပေါက်ကွဲမှုဖြစ်ပွား Reviewed by THITHTOOLWIN on 01:49 Rating: 5
Powered by Blogger.