တရုတ်သမ္မတ ရှီကျင့်ဖျင်က ဒေါ်အောင်ဆန်းစုကြည်အား 'အစ်မကြီး'ဟု နာမ်စားတပ် ခေါ်ဆို


သြဂုတ် ၁၉ ရက် တရုတ်စံတော်ချိန် မနက် ၁၁ နာရီ မိနစ် ၂၀ တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တရုတ်သမ္မတရှီကျင့်ဖျင်တို့ တွေ့ဆုံကြရာ တရုတ်သမ္မတ ရှီကျင့်ဖျင်က ဒေါ်အောင်ဆန်းစုကြည်ကို (Dàjiě) 'အစ်မကြီး’ဟု နာမ်စားသုံး၍ ဆွေးနွေးပြောဆိုကြောင်း သိရသည်။

တရုတ်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံချိန်ကို ဒေသစံတော်ချိန် မနက် ၁၁ နာရီသတ်မှတ်ထားသော်လည်း ဒေါ်အောင်ဆန်းစုကြည်မှ မိနစ် ၂၀ နောက်ကျပြီးမှ ရောက်ရှိလာသော်လည်း တရုတ်သမ္မတက စိတ်ရှည်စွာ စောင့်ဆိုင်းရင်း ဆွေးနွေးကြကြောင်း သိရသည်။


ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံမြောက်ပိုင်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်းပြီး ဆွေးနွေးခဲ့ကြကြောင်း ပေကျင်းမှ News Watch ဂျာနယ်၏ သတင်းရင်းမြစ်က သတင်းပေးပို့သည်။

“တရုတ်-မြန်မာနယ်စပ် မြောက်ပိုင်းဒေသကို ရန်ကုန်-မန္တလေးနဲ့ အခြားမြို့ကြီးတွေလိုဖြစ်အောင် လုပ်ပေးဖို့ကိစ္စ ဆွေးနွေးကြပါတယ်။ စီးပွားရေးဖွံ့ဖြိုးဖို့ လမ်းပန်းဆက်သွယ်ရေးနဲ့ ဆက်သွယ်ရေးကဏ္ဍတွေကို ကူညီဖို့ ဆွေးနွေးကြပါတယ်”ဟု အထက်ပါသတင်းရင်းမြစ်က သတင်းပေးပို့သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ် ၁၈ ရက်ကလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး၊ တရုတ်ဝန်ကြီးချုပ်တို့နှင့် တွေ့ဆုံခဲ့သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
တရုတ်သမ္မတ ရှီကျင့်ဖျင်က ဒေါ်အောင်ဆန်းစုကြည်အား 'အစ်မကြီး'ဟု နာမ်စားတပ် ခေါ်ဆို  တရုတ်သမ္မတ ရှီကျင့်ဖျင်က ဒေါ်အောင်ဆန်းစုကြည်အား 'အစ်မကြီး'ဟု နာမ်စားတပ် ခေါ်ဆို Reviewed by THITHTOOLWIN on 04:37 Rating: 5
Powered by Blogger.