ကာကွယ်ရေးဝန်ကြီးဌာနက မြန်မာ အလုပ်သမားတွေ ပြန်လာနိုင်ရေး ကူညီမည်

မလေးရှားနိုင်ငံ အကျဉ်းစခန်း ၁၁ ခုမှာ ထိန်းသိမ်းဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ်သမား ၁၃ဝ ကျော်ဟာ ရန်ကုန်မြို့ကို ဇူလိုင်လ ၈ ရက်ညပိုင်းက ပြန်လည်ရောက်ရှိလာစဉ်။ Photo: Aung Thain Kha /RFA
မလေးရှားနိုင်ငံက ထိန်းသိမ်းရေးစခန်းတွေမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ်သမားတွေကို ပြန်လည်ခေါ်ယူဖို့ အတွက် ကာကွယ်ရေးဝန်ကြီးဌာနက လေယာဉ်စရိတ် ထောက်ပံ့ပေးသွားမယ်လို့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် က ပြောပါတယ်။

မနေ့ညက မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းကနေ ပြန်လည်ရောက်ရှိလာတဲ့ မြန်မာအလုပ်သမား ၁၃၇ ပြန်အလာကို လေဆိပ်မှာစောင့်ကြိုချိန်မှာ ဦးမျိုးအောင်က ပြောတာဖြစ်ပါတယ်။

နိုင်ငံတော်အဆင့်နဲ့ မလေးရှားနိုင်ငံကနေ မြန်မာအလုပ်သမားတွေကို ပြန်လည်ခေါ်ယူတာ မနေ့ညက ဒုတိယအကြိမ် ဖြစ်ပါတယ်။

မလေးရှားနိုင်ငံက ထိန်းသိန်းရေးစခန်းတွေမှာ မြန်မာအလုပ်သမား နှစ်ထောင်ကျော်လောက် ရှိနေပါတယ်။

မနေ့ညကပြန်လည်ရောက်ရှိလာတဲ့ မြန်မာအလုပ်သမားတွေထဲမှာ လူကုန်ကူးခံရသူတွေ ပါ မပါ ကိုလည်း မြန်မာနိုင်ငံလူကုန်ကူးမှု တားဆီးတိုက်ဖျက်ရေး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးသွားမှာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese/
ကာကွယ်ရေးဝန်ကြီးဌာနက မြန်မာ အလုပ်သမားတွေ ပြန်လာနိုင်ရေး ကူညီမည်  ကာကွယ်ရေးဝန်ကြီးဌာနက မြန်မာ အလုပ်သမားတွေ ပြန်လာနိုင်ရေး ကူညီမည် Reviewed by THITHTOOLWIN on 18:56 Rating: 5
Powered by Blogger.