မော်လမြိုင်မြို့ လှိုင်ရပ်ကွက် ရွှေပြည်အေးရပ်တွင် လူသတ်မူ့ ဖြစ်ပွား


(8-8-2016) 11:15 pm

သြဂုတ်လ (၈)ရက်နေ့  ည (၁၁)နာရီ (၁၅)မိနစ်ခန့် က မော်လမြိုင်မြို့လှိုင်ရပ်ကွက် ရွှေပြည်အေးရပ် ရွှေပြည်အေးဈေးလမ်းတွင် ဓါး ထိုးမှု ဖြစ်ကြောင်း သတင်းရရှိသည်။

အခင်းဖြစ်နေရာသို့ ဖုန်းသတင်းအရ မော်လမြိုင် RESCUE မော်လမြိုင်အဖွဲ့မှ အချိန်နှင့်တပြေးညီ သွားရောက်ခဲ့ပြီး ဓါးထိုးခံထိသည့် လူနာအား ကြိုးစား ပြုစု၍ ကယ်တင်ခဲ့ ပါသော်လည်း လက်ဝဲဘက် နံရိုးအောက် ထိုးသွင်းဒါဏ်ရာ ချက်ကောင်း ဖြစ်ခြင်း သွေးထွက်လွန်နေခြင်း ထိုးသွင်းဒါးကို ဆွဲထုတ်ထားပြီး ဖြစ်နေခြင်း တို့ကြောင့် မော်လမြိုင် ပြည်သူ့ဆေးရုံကြီး သို့ ပို့ဆောင်နေစဉ် သေဆုံးသွားခဲ့ပါသည်။


သေဆုံးသူမှာ လှိုင်ရပ်ကွက်နေ ကိုဝင်းခိုင်ဦး ဖြစ်ကြောင်း သိရှိရပြီး တရားခံနှင့် နဂိုထဲက ရန်ငြိုးရန်စ ရှိသူများ ဖြစ်ကြောင်း သေဆုံးသူ၏ မိခင် ဒေါ်ကြည်ဝင်း ထံမှ သိရပါသည်။

လူသတ်မှု့ကျူးလွန်သူ တရားခံအား မော်လမြိုင်မြို့ ဒိုင်းဝန်ကွင်း ရဲစခန်းမှုးနှင့် အဖွဲ့မှ အမြန်ဆုံး ဖမ်းဆီးရမိ နိုင်ရေး ဆောင်ရွက်လျှက် ရှိကြောင်း သိရှိရပါသည်။

သတင်း-ဓါတ်ပုံ - လူရွှင်တော် ( ဟန်ကို ဟန်ကို )
မော်လမြိုင်မြို့ လှိုင်ရပ်ကွက် ရွှေပြည်အေးရပ်တွင် လူသတ်မူ့ ဖြစ်ပွား မော်လမြိုင်မြို့ လှိုင်ရပ်ကွက် ရွှေပြည်အေးရပ်တွင် လူသတ်မူ့ ဖြစ်ပွား Reviewed by THITHTOOLWIN on 03:25 Rating: 5
Powered by Blogger.