လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ကြည်မြင်တိုင် အလတ်ချောင်းကျေးရွာမှ လူနေအိမ် ၂၀ကျော်ပြိုကျပျက်ဆီး


ရန်ကုန် သြဂုတ် ၆

ကြည်မြည်တိုင်မြိုနယ် တစ်ဖက်ကမ်းရှိ အလတ်ချောင်းကျေးရွာတွင် သြဂုတ်၆ရက် မွန်းတည့်၁၂နာရီခန့်ကအားအသင့်တင့်ရှိသော လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူနေအိမ် ခြေ ၂၀ကျော် ပြိုကျပျက်ဆီးခဲ့ကြောင်း ဒေသဖွံဖြိုးတိုးတတ်ရေးကော်မတီ ထံမှ သိရသည်။


ထိုသို့လေဆင်နှာမောင်းတိုက်ခတ်မှုမှာ အချိန် ၁၀မိနစ်ခန့်ကြာမြင့်ပြီး နေအိမ်များပျက်ဆီးခဲ့သော်လည်း ထိခိုက်ဒဏ်ရာ ရရှိသူတစ်ဦးမျှမရှိခဲ့ကြောင်း သိရသည်။

''လေဆင်နှာမောင်းတိုက်တော့ လူတွေကအိမ်အပြင်ကိုအားလုံးထွက်သွားကြတဲ့အတွက် ထိခိုက်ဒဏ်ရာရတာတော့မရှိဘူး၊အခုလို လေဆင်နှာမောင်းတိုက်တာ အရင်ကတစ်ခါမှ မဖြစ်ဘူးဘူး၊အခု ပြိုကျတဲ့အိမ်တွေမှာ လူနေတဲ့ အိမ်တွေပါသလို၊လူမနေတဲ့အိမ်တွေလည်းပါတယ်''ဟု အလတ်ချောင်းကျေးရွာမှဒေသခံဖြစ်သူ ကိုမြလွင်ကပြောသည်။

ထိုသို့လေဆင်နှာမောင်းတိုက်ခတ်၍ နေအိမ်များ ပြိုကျမှုကြောင့် လူဦးရေ ၃၀ခန့် အိမ်ရာမဲ့ ဖြစ်လျက်ရှိကာ လက်ရှိတွင် အလတ်ချောင်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် နေထိုင်နေရကြောင်းနှင့် အုပ်ချုပ်ရေးအပိုင်းနှင့်လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းများမှ ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။

ဖြိုးဝေအောင်
china.com Myanmar
https://www.facebook.com/china.com.mm/
လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ကြည်မြင်တိုင် အလတ်ချောင်းကျေးရွာမှ လူနေအိမ် ၂၀ကျော်ပြိုကျပျက်ဆီး  လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ကြည်မြင်တိုင် အလတ်ချောင်းကျေးရွာမှ လူနေအိမ် ၂၀ကျော်ပြိုကျပျက်ဆီး Reviewed by THITHTOOLWIN on 20:02 Rating: 5
Powered by Blogger.