![]() |
ပဲခူးမြို့၌ စက်ဘီးလှည့်ကင်း ဆောင်ရွက်လျက်ရှိသည့် ရဲတပ်ဖွဲ့ဝင်အား ဓားဖြင့်ထိုးသူအား ဖမ်းဆီးအရေးယူမှု |
(၂) ပဲခူးမြို့မရဲစခန်းမှူး ဒုရဲမှူးစိုးပိုင်နှင့်အဖွဲ့မှ အခင်းဖြစ်ရပ်သို့သွားရောက်ပြီး ၄င်းအမျိုးသား(၂)ဦး အား ရဲစခန်းသို့ခေါ်ယူစိစစ်ခဲ့ရာ ငလက်မ(ခ)ဝမ်ချိုင်း ၂၁နှစ်(ဘ)ဦးမောင်စိုး ဗမာ/ဗုဒ္ဓ ကျဘမ်း မ-၄၀၇ နတ်သျှင်နောင်လမ်း ဥသာမြို့သစ် (၂)ရပ်ကွက် ပဲခူးမြို့နေသူနှင့် အောင်သူဖြိုး ၁၈နှစ်(ဘ) ဦးအေးသိန်း ဗမာ/ဗုဒ္ဓ ကျောင်းသား (ပနှစ် သင်္ချာ) ပဲခူးတက္ကသိုလ် အင်းကျိုက်ကျေးရွာ ညောင်လေး ပင်မြို့နယ်(ယခုဘုရားလမ်း မြအေးယဉ်ဘော်ဒါဆောင် ) နေသူတို့ဖြစ်ကြောင်း သိရှိရပါသည်။
(၃) အောင်သူဖြိုးမှာ ငလက်မ(ခ)ဝမ်ချိုင်းမောင်းနှင်လာသည့် ဆိုင်ကယ်နောက်တွင်လိုက်ပါလာပြီး အရက်သောက်စားထားသော်လည်း ဓါးဖြင့်ရန်ပြုချိန်တွင် ပါဝင်ခြင်းမရှိသဖြင့် ပဲခူးတက္ကသိုလ် ကျောင်းသားရေးရာဌာနမှူး ဦးမွန်နိုင်ရှေ့တွင် မှုခင်းအသိပညာပေးဆွေးနွေးကာ အောင်သူဖြိုးအား ဦးမွန်နိုင်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
(၄) ငလက်မ(ခ)ဝမ်ချိုင်းအား ပဲခူးမြို့မရဲစခန်းမှ (ပ)၆၉၁/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ-၃၃၂ ဖြင့်အမှု ဖွင့်ထားရှိကာ ၄င်းစီးနင်းလာသော နံပါတ်မပါထိုင်းနိုင်ငံလုပ် CBR အမျိုးအစား အနက်ရောင်ဆိုင် ကယ်အား တရားဝင်မှတ်ပုံတင်ထားခြင်းရှိ/မရှိ ကညန(ပဲခူး)သို့ ပို့အပ်စိစစ်သွားမည်ဖြစ်ပါသည်။
ငလက်မ(ခ)ဝမ်ချိုင်းမှာ ကြော်းမဲ့ရန်စခြင်းဖြစ်၍ မူးယစ်ဆေးဝါးကြောင့် ယခုကဲ့သို့ ဖြစ်ပွားရခြင်း ဖြစ်နိုင်ပါ၍ မူးယစ်ဆေးဝါးသုံးစွဲထားခြင်း ရှိ/မရှိ စစ်ဆေးသွားရန်ဆောင်ရွက်ထားရှိကြောင်းနှင့် ငလက်မ(ခ)ဝမ်ချိုင်းအသုံးပြုခဲ့သော တရားမဝင်အရိုးအသွား(၁၆)လက်မခန့်ရှိ ဓါးဦးချွန်ကိုင်ဆောင် ခြင်းနှင့် ပတ်သက်၍ ပဲခူးမြို့မရဲစခန်း(ပ)၆၉၂/၂၀၁၆ လက်နက်ပုဒ်မ-၁၉(င)ဖြင့် အမှုရေးဖွင့် ထားကြောင်း သိရှိရပါသည်။
Bago Regional Police Force
ရဲတပ်ဖွဲ့ဝင်အား ဓားဖြင့်ထိုးသူအား ဖမ်းဆီးအရေးယူ
Reviewed by THITHTOOLWIN
on
14:10
Rating:
