မင်္ဂလာဒုံမြို့နယ် ပတ္တမြားမြို့သစ်မှာဖြစ်ပွားခဲ့တဲ့ မိသားတစုလုံး လေးလောင်းပြိုင် အသတ်ခံရမှုကို ဒီကနေ့ သြဂုတ် ၂၂ ရက် နံနက် ၁၀နာရီက ရေဝေးသုဿန်မှာ ကိစ္စကုန်မှာဖြစ်ပါတယ်။ မိသားစုဝင်လေးယောက်စလုံး ရက်ရက်စက်စက် အသတ်ခံခဲ့ရတာဖြစ်ပြီး ၄င်းတို့မှာ ဖခင်ဦးစိုးနောင် ဒုရဲအုပ်ငြိမ်း ၃၇နှစ် မောင်ဟန်သူရ ၁၃နှစ် မောင်စွမ်းထက်မြတ် ၈နှစ်နှင့် ဒေါ်ချယ်ရီပွင့် ၃၃နှစ်တို့ ဖြစ်ပါတယ်။ သားငယ်နှစ်ဦးကိုအလယ်မှာထားပြီး ဘေးတဖက်တချက်မှာ မိခင်ဖခင်တို့ရဲ့ရုပ်အလောင်းများကိုပြင်ဆင်ထားခြင်းဖြစ်ပါတယ်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
မိသားတစုလုံး လေးလောင်းပြိုင် အသတ်ခံရမှု သင်္ဂြိုလ်ရန်ပြင်ဆင်
Reviewed by THITHTOOLWIN
on
09:52
Rating:
