စက်မှုဇုန်မြေမှာခြံစည်းရိုးကာနေတာတွေရပ်ဖို့ ၀န်ကြီးချုပ် ညွှန်ကြား

( ရခိုင်ပြည်နယ် စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်အနီးက သိမ်းဆည်းထားတဲ့ မြေယာတွေမှာ ခြံစည်းရိုးကာရံထားသည်ကို တွေ့ရစဉ် ) Photo: Min Thein Aung/ RFA
ရခိုင်ပြည်နယ် စစ်တွေမြို့က ဆတ်ရိုးကျရပ်ကွက်အနီး စက်မှုဇုန်တည်ထောင်ဖို့ သိမ်းယူထားတဲ့ မြေနေရာတွေမှာ စီးပွားရေးလုပ်ငန်းရှင်တွေအပြင်အစိုးရဌာနဆိုင်ရာ အကြီးအကဲ တချို့က ခြံစည်းရိုးကာရံနေတာတွေကို ရပ်တန့်ထားဖို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ညွှန်ကြားလိုက်ပါတယ်။

စစ်တွေခရိုင်အုပ်ချုပ်ရေးမှူးကတစ်ဆင့် တားမြစ်စာထုတ်ပြန်ဖို့ မနေ့က ညွှန်ကြားလိုက်တာ ဖြစ်တယ်လို့ ပြည်နယ်အစိုးရအဖွဲ့ရဲ့ ပြောခွင့်ရသူ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်က ပြောပါတယ်။

စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်နဲ့ ကျေးတောကျေးရွာအုပ်စုမှာ စက်မှုရပ်ကွက်အဖြစ် အကောင် အထည်ဖော်ဖို့ သိမ်းဆည်းခဲ့တဲ့ မြေဧက ၅၀၀ ကျော်မှာ လယ်ယာမြေဧက ၃၀၀ ကျော်ပါဝင်ပါတယ်။

စီမံကိန်းအကောင်အထည်ဖော်တာမရှိသေးတဲ့ မြေယာတွေပေါ်မှာ လုပ်ငန်းရှင်တွေနဲ့ အစိုးရဌာန ဆိုင်ရာအရာရှိတွေက အိမ်ခြံမြေတွေအဖြစ် ခြံစည်းရိုးကာရံနေကြတာဖြစ်တယ်လို့ ဒေသခံတွေ ကပြောပါတယ်။

အဲဒီအထဲက မြေယာဧက ၁၄၀ ကျော်ကို ပြန်ပေးဖို့ သိမ်းယူခံထားရတဲ့ တောင်သူတွေက တောင်းဆို နေတာကြောင့် မနေ့က ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ အစိုးရအဖွဲ့တာဝန်ရှိသူတွေက ကွင်းဆင်း စိစစ်ပြီး စုံစမ်းစစ်ဆေးမှုတွေပြုလုပ်သွားမယ့်အကြောင်း တောင်သူတွေကို ရှင်းပြခဲ့တာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
စက်မှုဇုန်မြေမှာခြံစည်းရိုးကာနေတာတွေရပ်ဖို့ ၀န်ကြီးချုပ် ညွှန်ကြား  စက်မှုဇုန်မြေမှာခြံစည်းရိုးကာနေတာတွေရပ်ဖို့ ၀န်ကြီးချုပ် ညွှန်ကြား Reviewed by THITHTOOLWIN on 16:27 Rating: 5
Powered by Blogger.