ဘုရားသုံးဆူမြို့ မှာ တရားမ၀င် လက်နက်မျိုးစုံ၊ နိုင်ငံခြားငွေ နှင့် ရွှေထည်ပစ္စည်းမျိုးစုံ (၁၆)ပိဿ ခန့် ဖမ်းမိ
ကြာအင်းဆိပ်ကြီး သြ ၁၉
ကော့ကရိတ်မြို့နယ်၊ ဘုရားသုံးဆူမြို့၊ အမှတ် (၂)ရပ်ကွက်၊ ဥဒေါင်းကန် (၈)လမ်းရှိ အောင်ခိုင်ဦး (ခ)ကတုံး၊ ၃၉နှစ်၊ (ဘ) ဦးသိန်းကြူ သည် မူးယစ်ဆေးဝါး များရောင်းချနေကြောင်း သတင်းအရ ရဲအုပ် ကျော်စိုးသန်းဦးစီးအဖွဲ့၊ ရတခလရ (၂၄)မှ ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မင်းဟိန်း ဦးစီးအဖွဲ့၊ ခစတ (၁၀၂၁)မှ ဗိုလ်စောကိုလေး ဦးစီးအဖွဲ့၊ သတင်းရဲတပ်ဖွဲ့မှ ရဲအုပ် သက်ဝင်းသူ တို့ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ၁၈-၈-၂၀၁၆ ရက်နေ့ နံနက် (၆)နာရီ (၁၅)မိနစ်အချိန်တွင်၎င်းနေအိမ်အား ၀င်ရောက်ရှာဖွေခဲ့သည်။
အဆိုပါနေအိမ် အတွင်းမှ အစ္စရေးနိုင်ငံထုတ် ရိုင်ဖယ် (၁)လက်၊ ၄င်းကျည်အိမ် (၁၂)ခု၊ သြစတြေးလျနိုင်ငံထုတ် (၉)မမပစ္စတို (၁)လက်၊ ၄င်းကျည်အိမ်အတို (၂)ခု၊ အရှည် (၂)ခု၊ (၉)မမကျည် (၄၅)တောင့်၊ ချက်စ်နိုင်ငံထုတ် ပွိုင့် ၂၂ စနိုက်ပါတပ် (၁)လက်၊ ၄င်းကျည်အိမ် (၂)ခု၊ကျည် (၂၀၀၀)တောင့်၊ ၅.၅၆ကျည် (၇၀၀)တောင့်၊ အမ် ၆၇ လက်ပစ်ဗုံး (၁)လုံး၊ ထိုင်းဘတ်ငွေ ၁၂၂၈၄၀၀၀ိ/-(တစ်ရာ့နှစ်ဆယ့်နှစ်သိန်းရှစ်သောင်းလေးထောင် ဘတ်)၊ မြန်မာငွေစက္ကူ ၅၇၇၅၀၀၀ိ/- (ငါးဆယ်ခုနှစ်သိန်း ခုနှစ်သောင်းငါးထောင်ကျပ်)၊ အရွယ်အစားအမျိုးမျိုးရှိ ရွှေတုံး (၁၁၃)တုံးနှင့် ရွှေထည်ပစ္စည်း အမျိုးအစားမျိုးစုံပါ(၄၅၃၄)ဂရမ်( ရွှေအရည်အသွေး ၉၆.၅%ရှိ အလေးချိန် ၁၅.၃၆၆ ပိဿာ) စုစုပေါင်းကာလတန်းဖိုးကျပ် (၁၅၇၈၉၆၃၀၀၀ိ/-) (ကျပ်သန်းတစ်ထောင်ငါးရာခုနှစ်ဆယ်ရှစ်သန်းကိုးသိန်းခြောင်းသောင်းသုံးထောင်)ကျပ် တို့အား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိ သဖြင့် လက်နက်ခဲယမ်းများအားလက်ဝယ်ထားရှိသဖြင့် အောင်ခိုင်းဦးအား ဘုရားသုံးဆူနယ်မြေရဲစခန်း (ပ)၁၄/၂၀၁၆၊လက်နက်(ယာယီ)ဥပဒေပုဒ်မ၁၉-ကဖြင့်အမှုဖွင့်အရေးယူထားရှိကြောင်းသိရသည်။
သုံးဆူရဲစခန်းမှူး ရဲအုပ်ကျော်စိုးသန်း ဦးစီးအဖွဲ့နှင့် အဆိုပါပူးပေါင်းအဖွဲ့သည် သတင်းအရ ဆက်လက်ပြီး ဘုရားသုံးဆူမြို့၊ အမှတ် (၄)ရပ်ကွက်၊ ကရင်စုကွက်သစ်နေ မျိုးနိုင်ဦး(ခ)ပြာလောင် (ခ)စောက်ရမ်း၊ ၃၂နှစ်၊ (ဘ)ဦးစိန်လှိုင်၊ မွှေးမွှေးသစ်စက်အတွင်းရှိ နေအိမ်တွင် ၁၈-၈-၂၀၁၆ ရက်နေ့ (၈)နာရီ (၄၅)မိနစ်အချိန် တွင် ၀င်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ ချက်စ်ကိုစလို နိုင်ငံထုတ် ပွိုင့် (၂၂)သေနတ် (၁)လက်၊ ၄င်းကျည်အိမ် (၁)ခု၊ ၄င်းကျည် (၁၂၀)တောင့်၊ အမ် (၁၆)ပြောင်းတို (၁)လက်၊ ၄င်းကျည်အိမ် အတို (၁)ခု၊ အရှည် (၁)ခု၊၄င်းကျည် (၇၀)တောင့်၊ သြစတြေးလျနိုင်ငံထုတ် ၉ မမပစ္စတို (၁)လက်၊ ၄င်းကျည် အိမ် (၁)ခု၊၄င်းကျည် (၂၅)တောင့်၊ ဂတ်စ်ပစ္စတို သေနတ် (၁)လက်၊ ကျည်အိမ် (၁)ခု၊ ကိုးလုံးကျည်ပြောင်းချော (၁)လက်၊၄င်းကျည် (၈)တောင့် ဒေသန္တရ လုပ် သေနတ် (၁)လက်၊ တူမီး (၁)လက်၊ အမ် -၂၆ လက်ပစ်ဗုံး (၁)လုံးအား ရှာဖွေတွေ့ရှိသိမ်းဆည်းခဲ့ပြီး လက်နက်ခဲယမ်းများအား လက်ဝယ်ထားရှိသူ မျိုးနိုင်ဦးအား ဘုရားသုံးဆူနယ်မြေရဲစခန်း (ပ)၁၅/၂၀၁၆၊ လက်နက် (ယာယီ)ဥပဒေပုဒ်မ ၁၉-စဖြင့် အမှုဖွင့် အရေးယူထားရှိကြောင်း သိရသည်။
ကရင်ပြည်နယ်ရဲတပ်ဖွဲ့
ဘုရားသုံးဆူမြို့ မှာ တရားမ၀င် လက်နက်မျိုးစုံ၊ နိုင်ငံခြားငွေ နှင့် ရွှေထည်ပစ္စည်းမျိုးစုံ (၁၆)ပိဿ ခန့် ဖမ်းမိ
Reviewed by THITHTOOLWIN
on
21:37
Rating:
