အထက်တန်းကျောင်းသူနဲ့  လက်ထပ်ခဲ့တဲ့ ထိုင်း ပြည်နယ်ဝန်ကြီးကို သတင်းထောက်တွေက တရားစွဲ


31July2016

အထက်တန်း ကျောင်းသူ အသက်(၁၅)နှစ် အရွယ် မိန်းခလေးကို လက်ထပ်ခဲ့သူ ထိုင်း နိုင်ငံ ကွန်ကင် ပြည်နယ် ၀န်ကြီး ဒေါက်တာ ပရင်စပ် (အသက် ၅၁ နှစ်) ရဲ့  ရုံး ခန်းကို သွား ရောက်သတင်းယူကြတဲ့ သူတွေ ကို အခန်းတခုထဲမှာ ပိတ်လှောင် ထားပြီး သတင်းထောက် အမျိုးသားတဦးကို အ၀တ်စားတွေချွတ် ဓါတ်ပုံရိုက်ခဲ့ တဲ့ အမှုဟာ ထိုင်းနိုင်ငံရေးလောကမှာ အလွန်ဂရိုက်နေတဲ့ သတင်းဖြစ်ပါတယ်။


ဒေါက်တာ ပရင်စပ် ဟာ သူ့ ကိုယ်ပိုင်ဖေ့ဘုတ် စာမျက်နှာမှာ မိန်းခလေးရဲ့  အုပ်ထိမ်းသူတွေ့ ရှေ့ မှာ ဘတ်ငွေ (၄)သိန်း ကားတစီးနဲ့  တင်တောင်းခဲ့တဲ့ပုံကို တင်ခဲ့ရာကစပြီး ထိုင်းသတင်းတွေမှာ နံမည်ကြီးသွားခဲ့ပါတယ်။

နိုင်ငံရေးသမား တစ်ဦးဖြစ်ပြီး ခလေးနဲ့  လက်ထပ်ခဲ့တဲ့ သူလို့ ထိုင်းသတင်းတွေ ကရေးသား ဖေါ်ပြခဲ့တာကို ဒေါက်တာက မကြေမနပ်ဖြစ်ပြီး သတင်းထောက်တွေကို ပညာပေးတဲ့အနေနဲ့ ခုလိုတုန့် ပြန်လိုက်ခါမှ အမှုက ပိုကြီးသွားခဲ့ပါတယ်။

သတင်းထောက်တွေက ဒေါက်တာဝန်ကြီးရဲ့  လုပ်ရပ်ကို ရဲ စခန်းမှာ အမှုဖွင့် တိုင်ကြားခဲ့ပြီး ၀န်ကြီး ဖက်ကလည်း သူ့ ရုံးခန်းကို သတင်းထောက်တွေက ခွင့်မတောင်းဘဲ ၀င်လာတဲ့ ပိုင်နက်ကျူးလွန်မှုနဲ့  ပြန်တရားစွဲခဲ့ပါတယ်။

Social Action for Women - SAW


အထက်တန်းကျောင်းသူနဲ့  လက်ထပ်ခဲ့တဲ့ ထိုင်း ပြည်နယ်ဝန်ကြီးကို သတင်းထောက်တွေက တရားစွဲ  အထက်တန်းကျောင်းသူနဲ့  လက်ထပ်ခဲ့တဲ့ ထိုင်း ပြည်နယ်ဝန်ကြီးကို သတင်းထောက်တွေက တရားစွဲ Reviewed by THITHTOOLWIN on 00:01 Rating: 5
Powered by Blogger.