ရန်ကုန်၊ သြဂုတ် ၁၈
၁.၈.၂၀၁၆ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးတွင် ဖွင့်လှစ်ထားရှိသည့် ဖုန်းသတင်းလက်ခံဌာန၊ 199 Call Centerသို့ တာဝန်သိပြည်သူတစ်ဦးမှ အင်းစိန်မြို့နယ်၊ ဦးဖိုးထွန်းလမ်းတွင် နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်နေကြောင်း သတင်းပေးပို့လာသဖြင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များနှင့် အင်းစိန်မြို့မ ရဲစခန်းမှတပ်ဖွဲ့ဝင်များက သတင်းစုံစမ်း အတည်ပြု ခဲ့ပါသည်။
စုံစမ်းချက်အရ အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်၊ ဦးဖိုးထွန်းလမ်းနေ ပါကြီး(ခ)လှဌေးမှ ရပ်ကွက်အတွင်း လှည့်လည်၍ နှစ်လုံး/သုံးလုံထီ ရောင်းချနေကြောင်း သိရှိရသဖြင့် ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ၁၆.၈.၂၀၁၆ ရက်နေ့ ၁၄၄၅ အချိန်ခန့်တွင် ၎င်းရပ်ကွက်ရှိ မင်းကြီးလမ်း၌ တွေ့ရှိသဖြင့် သက်သေများနှင့်အတူစစ်ဆေးရှာဖွေရာ ၎င်းထံမှ နှစ်လုံး/ သုံးလုံးထီ လောင်းကစားပစ္စည်းဖြစ်သည့် စာအုပ်၊ ဘောပင်နှင့်လောင်းကြေးငွေကျပ် (၂၆၆၉၀၀)တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။
၎င်းအား အင်းစိန်မြို့မရဲစခန်း(ပ)၁၈၅၄/၂၀၁၆၊ လောင်းကစားဥပဒေ ပုဒ်မ ၁၅(က)/၁၆(က)ဖြင့် အရေးယူဆောင်ရွက်လျက်ရှိပါသည်။
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးနှင့် လောင်းကစားမှုများကင်းစင်ရေးအတွက် အစီအမံများ ချမှတ်ပြီး စုံစမ်းအရေးယူဆောင်ရွက်လျက်ရှိရာ ပြည်သူများအနေဖြင့်လည်း သတင်း ရရှိပါက ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးတွင် ဖွင့်လှစ်ထားရှိသည့် 199 Call Center သို့ယုံယုံကြည်ကြည်ဖြင့် သတင်းပေးပို့စေလိုပါကြောင်း၊ ပေးပို့လာသည့်သတင်းများနှင့် ပတ်သက်၍လည်း စိစစ် အတည်ပြုကာ ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း အသိပေးဖော်ပြအပ်ပါသည်။
Yangon Police
https://www.facebook.com/yangonpolice
199 Call Center သို့ ပေးပို့ခဲ့သည့် သတင်းအရ လောင်းကစားပြုလုပ်သူကို ဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
13:38
Rating:
