ဗိုလ်ချုပ် Wiranto ကို ဝန်ကြီးခန့်အပ်တာကို ဝေဖန်ကြ

အင်ဒိုနီးရှား စစ်တပ်အရာရှိဟောင်း Wiranto (Credit: ABC) 
အရှေ့တီမောနိုင်ငံက ​အင်ဒိုနီးရှားနိုင်ငံကနေ ​ခွဲထွက်ဖို့ ​ကြိုစားတဲ့ ​ကာလအတွင်း ​ရက်စက်မှုတွေ ​ကျူးလွန်ခဲ့တဲ့ ​စစ်ဗိုလ်ချုပ်ကို ​အင်ဒိုနီးရှား ​သမ္မတက ​ဝန်ကြီးရာထူး ​ပေးလိုက်တဲ့အပေါ် ​လူ့အခွင့်အရေး ​အဖွဲ့တွေက ​ရှုတ်ချလိုက်ပါတယ်။

အင်ဒိုနီးရှား ​စစ်တပ်အရာရှိဟောင်း ​Wiranto ​ဟာ ​၁၉၉၉ ​ခုနှစ်တုန်းက ​အင်ဒိုနီးရှားတပ်တွေ ​အရှေ့တီမောက်နေ ​ဆုတ်ခွာတဲ့ ​ကာလအတွင်း ​လူသားများအပေါ် ​ပြစ်မှူကျူးလွန်ခဲ့တယ်လို့ ​စွပ်စွဲခံရသူ ​ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း ​Wiranto ​ကတော့ ​လူ့အခွင့်အရေး ​ချိုးဖောက်မှုတွေ ​မလုပ်ခဲ့ရဘူးလို့ ​ငြင်းဆိုထားပါတယ်။

အဲဒီ ​စစ်အရာရှိဟောင်းကို ​သမ္မတ ​ဂျိုကို ​ဝီဒိုဒိုက ​ဒီရက်ပိုင်းအတွင်း ​အရေးကြီးတဲ့ ​နိုင်ငံရေး၊ ​တရားရေးရာနဲ့ ​လုံခြုံရေး ​ဝန်ကြီးအဖြစ် ​ခန့်အပ်လိုက်တာ ​ဖြစ်ပါတယ်။

အဲလို ​လူသားများအပေါ် ​ပြစ်မှူးကျူးလွန်တဲ့ ​လူကို ​ဝန်ကြီးရာထူး ​ခန့်အပ်တာဟာ ​အင်ဒိုနီးရှားအတွက် ​ဆိုးကျိုးတွေပဲ ​ဖြစ်စေမယ်လို့ ​လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ​ပြောပါတယ်။

ဗိုလ်ချုပ်ဟောင်း ​Wiranto ​ဟာ ​အင်ဒိုနီးရှား ​သမ္မတ ​ဖြစ်ဖို့ ​နှစ်ကြိမ်တောင် ​ပြိုင်ပွဲဝင်ခဲ့ဖူးသူလည်း ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ဗိုလ်ချုပ် Wiranto ကို ဝန်ကြီးခန့်အပ်တာကို ဝေဖန်ကြ  ဗိုလ်ချုပ် Wiranto ကို ဝန်ကြီးခန့်အပ်တာကို ဝေဖန်ကြ Reviewed by THITHTOOLWIN on 18:12 Rating: 5
Powered by Blogger.