တရုတ် နိုင်ငံ အရှေ့ပိုင်း တွင် ရေယာဉ်ပျံ(seaplane)တစ်စင်း ပျက်ကျမှုကြောင့် ၅ ဦးသေဆုံး


ဇူလိုင် ၂၀ ၊ ပေကျင်း

ရှန်ဟိုင်းပြည်နယ် ကျင်ဆန်းပြည်နယ်တွင် ရေယာဉ်ပျံတစ်စင်းကို စမ်းသပ်ပျံသန်းနေစဉ် တံတားပေါ်သို့ ထိုးကျကာ ပျက်ကျသွားခဲ့သည်။ ကယ်ဆယ်ရေးအဖွဲ့ပြောကြားချက်များအရ အနည်းဆုံး ၅ ဦးသေဆုံးခဲ့သည်ဟုသိရသည်။

ထိုင်ခုံကိုးခုံပါ Cessna 208B အမျိုးအစားပန်ကာတပ်ရေယာဉ်ပျံသည် Zhoushan AVIC Joy Air General Air Co., Ltd.မှ လည်ပတ်လုပ်ဆောင်ခဲ့တာဖြစ်သည်။ ကျင်းဆန်း ကမ်းခြေမှ ထွက်ခွာပြီး ၁၀ မိနစ်အကြာ ယနေ့နေ့လယ် ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် ရှန်ဟိုင်း-ဟန်ကျိုး အဝေးပြေးလမ်းမ၏ တံတားအမှတ်စဉ် - ၇၈၃၅ ပေါ်သို့ ထိုးကျသွားခဲ့ခြင်းဖြစ်သည်။


ခရီးသည် ၈ ဦးတင်ဆောင်လာခဲ့ပြီး အဆိုပါခရီးစဉ်သစ်ကို သတင်းရယူရန် ရှန်ဟိုင်း ရုပ်သံမှ သတင်းသမားများနှင့် ကင်မရာရိုက်ကူးသူများလည်းစီးနှင်းလိုက်ပါလာခဲ့သည်။ ၄င်းတို့ကို ဆယ်တင်ပြီးနောက် ကျင်းဆန်း ဆေးရုံသို့ပို့ဆောင် ခဲ့သည် ဟုသိရသည်။


လေယာဉ်မှူးမှာ အသက် ၆၃ နှစ်ရှိပြီဖြစ်ပြီး လေယာဉ်မောင်းသက်တမ်း ၄၀ ကျော်ရှိနေပြီဖြစ်သည်။ လက်ရှိတွင် မတော်တဆဖြစ်ပွားမှုနှင့် ပက်သက်ပြီး စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။

၎င်းရေယာဉ်ပျံသည် အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၈ မီိလျံကုန်ကျပြီး ကျန့်ကျန်း ပြည်နယ် ကျိုးဆန်း နှင့် ရှန်ဟိုင်းမြို့ ကျင်းဆန်းပြည်နယ် ကိုလမ်းကြောင်းသစ်အဖြစ်ပြေးဆွဲပျံသန်းရန် စီစဉ်ထားခဲ့ခြင်းဖြစ်သည်။

Ref: China Daily
ဖြိုး
china.com Myanmar
https://www.facebook.com/china.com.mm/
တရုတ် နိုင်ငံ အရှေ့ပိုင်း တွင် ရေယာဉ်ပျံ(seaplane)တစ်စင်း ပျက်ကျမှုကြောင့် ၅ ဦးသေဆုံး  တရုတ် နိုင်ငံ အရှေ့ပိုင်း တွင် ရေယာဉ်ပျံ(seaplane)တစ်စင်း ပျက်ကျမှုကြောင့် ၅ ဦးသေဆုံး Reviewed by THITHTOOLWIN on 16:48 Rating: 5
Powered by Blogger.