တအာင်း ၁၀၀ ကျော် RCSS/SSA ဖမ်းသွားတယ်လို့ PSLF/TNLA ပြော

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်။ Photo: RFA
ရှမ်းပြည်နယ် နမ္မတူမြို့နယ် က မန်စံကျေးရွာမှာ RCSS/SSA တပ်ဖွဲ့တွေ  မနေ့မနက်ပိုင်းက ဝင်ရောက်လာပြီး တအာင်း အမျိုးသား အမျိုးသမီး စုစုပေါင်း ၁၀၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

နောက်ပိုင်းမှာ ဖမ်းသွားသူတွေထဲက အမျိုးသမီးတွေနဲ့ ကလေးတွေကို ပြန်လွှတ်ပေးပြီး အရွယ်ရောက်ပြီး အမျိုးသား ၃၀ ကျော်ကိုတော့ ဆက်လက်ဖမ်းဆီးချုပ်နှောင်ထားဆဲရှိတယ်လို့ ဆိုပါတယ်။

မနေ့က မန်စံကျေးရွာဈေးနေ့ဖြစ်တဲ့အတွက် အနီးဝန်းကျင်ကျေးရွာတွေက ဈေးဝယ်သွားခဲ့ကြပြီး ဈေးကွဲချိန် အိမ်အပြန်လမ်းခရီးမှာ RCSS/SSA တပ်ဖွဲ့က အင်အား ၂၀၀ ကျော်ဖြင့် တအာင်းလူမျိုးမှန်သမျှကို ပိတ်ဆို့ ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း ၊ အဲ့သလို စစ်ဆေးရာမှာ မူးယစ်ဆေးဝါးရှာတယ်လို့ အကြောင်းပြပေမယ့် ကျန်လူမျိုးတွေကို လုံးဝစစ်ဆေးမှုမပြုဘဲ တအာင်းလူမျိုးသာ ရွေးပြီးစစ်ဆေးခဲ့တယ်လို့ PSLF/TNLA  သတင်း က ဖေါ်ပြပါတယ်။

အဲ့ဒီလို ဖမ်းဆီးစစ်ဆေးတဲ့နေရာသည် မန်စံကျေးရွာအနီး အခြေချတဲ့ မြန်မာ့တပ်မတော်စခန်းနဲ့ တစ်မိုင်ခရီးမျှသာ ကွာဝေးတယ်လို့လည်း ဆိုပါတယ်။

RFA Burmese
http://www.rfa.org/burmese
တအာင်း ၁၀၀ ကျော် RCSS/SSA ဖမ်းသွားတယ်လို့ PSLF/TNLA ပြော  တအာင်း ၁၀၀ ကျော် RCSS/SSA ဖမ်းသွားတယ်လို့ PSLF/TNLA ပြော Reviewed by THITHTOOLWIN on 19:13 Rating: 5
Powered by Blogger.