နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် NLD လွှတ်တော်ကိုယ်စားလှယ်ကို အသရေဖျက်သည့် စလင်းမြို့နယ် ဒု-ဦးစီးမှူးကို ရုံးတင်စစ်ဆေး


“ကျွန်တော်အနေနဲ့ အခွင့်အရေးရမယ်ဆိုရင် ပြည်သူ့လူထုနဲ့ ပါတီအကြီးအကဲများနဲ့ပါ မျက်နှာစုံညီတောင်ပန်းပွဲလေး လုပ်ချင်ပါတယ် …”

မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်မှ NLD လွှတ်တော် ကိုယ်စားလှယ်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အား လူမှုကွန်ယက် စာမျက်နှာပေါ်တွင် အသရေဖျက်ခဲ့မှုဖြင့် အမျိုးသား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဋ္ဌာန စလင်းမြို့နယ် ဒု-ဦးစီးမှူးကို ယနေ့ (ဇူလိုင် ၄) က စလင်းတရားရုံးတွင် စတင် ရုံးတင်စစ်ဆေးမှုပြုလုပ်ကြောင်း သိရသည်။

‘’ကျွန်တော်အနေနဲ့ အခွင့်အရေးရမယ်ဆိုရင် ပြည်သူ့လူထုနဲ့ ပါတီအကြီးအကဲများနဲ့ပါ မျက်နှာစုံညီတောင်ပန်းပွဲလေး လုပ်ချင်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံကိုလည်း ဇွန်လ ၂၇ ရက်နေ့က အသနားခံစာ တင်ထားပါတယ်။ နောက်ပြီး မြို့နယ်လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း တောင်းပန်ပွဲပြုလုပ်ထားပါသေးတယ်။ ကျွန်တော့်မိခင်ဌာနကလည်း ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းများအတိုင်း ကျွန်တော်ကို စစ်ဆေးမှုပြုလုပ်ပြီး အရေးယူဖို့ ဆောင်ရွက်နေပါတယ်။ ပြည်သူလူထုကိုလည်း တောင်းပန်ပါတယ်”ဟု ဆက်သွယ်ရေးပုဒ်မ ၆၆ ဃ ဖြင့် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ ဦးထွန်းမင်းလတ်က News Watch သို့ ပြောသည်။


ယခုကဲ့သို့ တရားစွဲဆိုမှုပြုလုပ်ရခြင်းမှာ ဦးထွန်းမင်းလတ်သည် မြို့နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို လူမှုကွန်ယက်စာမျက်နှာတွင် မကြားဝံ့မနာသာ စကားလုံးအသုံအနှုန်းများ ရေးသားခဲ့မှုများကြောင့် ဖြစ်သည်ဟု သိရသည်။ တရားစွဲဆိုခြင်းခံထားရသော ဦးထွန်းမင်းလတ်၏ မိသားစုကလည်း တောင်းပန်ပါကြောင်း ပြောဆိုသည်။

စောကျော်ဝင်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် NLD လွှတ်တော်ကိုယ်စားလှယ်ကို အသရေဖျက်သည့် စလင်းမြို့နယ် ဒု-ဦးစီးမှူးကို ရုံးတင်စစ်ဆေး  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် NLD လွှတ်တော်ကိုယ်စားလှယ်ကို အသရေဖျက်သည့် စလင်းမြို့နယ် ဒု-ဦးစီးမှူးကို ရုံးတင်စစ်ဆေး Reviewed by THITHTOOLWIN on 21:24 Rating: 5
Powered by Blogger.