တိုင်ဖုန်း Nepartak ကြောင့် ထိုင်ဝမ် အရှေ့ပိုင်းတွင် မြေပြိုမှု ဖြစ်ပွား

ထိုင်ဝမ်တွင် တိုင်ဖုန်း မုန်တိုင်း တိုက်ခတ်မှုအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)
    တိုင်ပေ၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

    တိုင်ဖုန်း မုန်တိုင်း Nepartak သည် ထိုင်ဝမ် အရှေ့ပိုင်းသို့ ဇူလိုင်လ ၈ ရက် အစောပိုင်းက ဝင်ရောက်ခဲ့ခြင်းကြောင့် လေပြင်းမုန်တိုင်းများနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်ပွားခဲ့ကြောင်း ထိုင်ဝမ် ရာသီဥတု ဗျူရိုက ပြောကြားခဲ့သည်။

ယခုနှစ်အတွက် ပထမဆုံး တိုင်ဖုန်းမုန်တိုင်းအဖြစ် ဇူလိုင်လ နံနက် ၅း၅၀ နာရီအချိန်၌ လေတိုက်နှုန်း တစ်နာရီလျှင် ၁၉၁ ကီလိုမီတာကျော်နှင့် လေပြင်းအားသည် တစ်နာရီလျှင် ၂၃၄ ကီလိုမီတာရှိကြောင်း သိရသည်။

အဆိုပါ တိုင်ဖုန်းမုန်တိုင်းသည် တစ်နာရီလျှင် ၁၁ ကီလိုမီတာနှုန်းဖြင့် အနောက်မြောက်ဘက်သို့ ရွှေ့လျားနေ ကြောင်း သိရသည်။

ယင်း မုန်တိုင်းကြောင့် ရထား ဝန်ဆောင်မှုများ အားလုံးကို ဆိုင်းငံ့ထားပြီး ကွန်ပြူတာ ရထားများကိုမူ ဇူလိုင်လ ၈ ရက်  ညနေ ၅း၀၀ နာရီနောက်ပိုင်းမှ ပြန်လည် စတင်မည် ဖြစ်ကြောင်း ဇူလိုင်လ ၇ ရက် ညနှောင်းပိုင်းက ထိုင်ဝမ်၏ ရထား တာဝန်ရှိသူများက ပြောသည်။ ထိုင်ဝမ်၏ မြန်နှုန်းမြင့် ရထားဝန်ဆောင်မှုအား ဇူလိုင်လ ၈ ရက် တစ်နေ့လုံး ရပ်တန့်ထားမည် ဖြစ်သည်။

(Xinhua)
http://www.xinhuamyanmar.com
တိုင်ဖုန်း Nepartak ကြောင့် ထိုင်ဝမ် အရှေ့ပိုင်းတွင် မြေပြိုမှု ဖြစ်ပွား  တိုင်ဖုန်း Nepartak ကြောင့် ထိုင်ဝမ် အရှေ့ပိုင်းတွင် မြေပြိုမှု ဖြစ်ပွား Reviewed by THITHTOOLWIN on 16:57 Rating: 5
Powered by Blogger.