![]() |
တရုတ်နိုင်ငံက KFC ဆိုင် |
နိုင်ငံတကာ ခုံရုံးရဲ့ ဆုံးဖြတ်ချက်မှာ အမေရိကန်နဲ့ အနောက်တိုင်း နိုင်ငံတွေ ပါဝင်တယ်လို့ တရုတ်ပြည်သူ တချို့က ယူဆတဲ့အတွက် မြို့ ၁၁ မြို့က KFC ကြက်ကြော်ဆိုင်တွေကို ပစ်မှတ်ထား ဆန့်ကျင်ခဲ့ကြတာ ဖြစ်ပါတယ်။
KFC ကြက်ကြော်ဟာ အမေရိကန်က ကနေ ဆင်းသက်လာတဲ့ ဆိုင်တွေ ဖြစ်တာကြောင့် တရုတ်ပြည်သူ တချို့က KFC ကို ပစ်မှတ်ထားကြတာပါ။
တောင်တရုတ်ပင်လယ် ပိုင်ဆိုင်မှု အငြင်းပွားတဲ့ ကိစ္စကို ဖြေရှင်းပေးဖို့ ဖိလစ်ပိုင်က နိုင်ငံတကာ ခုံရုံးကို တင်ခဲ့တာ ဖြစ်ပြီး ခုံရုံးက ဖိလစ်ပိုင်ကို အသားပေးဆုံးဖြတ်ချက် ချခဲ့တာ ဖြစ်ပါတယ်။
တရုတ်အစိုးရကတော့ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာမှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
ဒီကိစ္စကို ဖိလစ်ပိုင်နဲ့ တရုတ်နိုင်ငံတို့အကြား ဆွေးနွေးကြဖို့ တရုတ်ဘက်က ကမ်းလှမ်းပေမယ့် ဆွေးနွေးမှုအတွင်း ခုံရုံးဆုံးဖြတ်ချက်ကို မဆွေးနွေးဘူးလို့ တရုတ်ဘက်က ကြိုတင် ပြောဆိုထားတဲ့အတွက် ဖိလစ်ပိုင်က ဆွေးနွေးမယ့် ကိစ္စကို ပယ်ချလိုက်ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
KFC ကို မတိုက်ခိုက်ဖို့ တရုတ်အစိုးရ တိုက်တွန်း
Reviewed by THITHTOOLWIN
on
16:02
Rating:
