အမျိုးသမီးပုံစံ တုပ၀တ်ဆင်ကာ ရုပ်ဖျက်ပြီး မြို့ထဲကနေ ထွက်ပြေးဖို့ ကြိုးစားတဲ့ IS စစ်သွေးကြွတွေကို ဖမ်းဆီးရမိ


အမေရိကန်ကထောက်ပံ့ပေးထားတဲ့ ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့(SDF )ဟာ IS စစ်သွေးကြွတွေကို ဆီးရီးယားနိုင်ငံ Manbij မြို့ကနေ ထွက်ခွာသွားဖို့ (၄၈)နာရီကြာ အချိန်ပေးခဲ့ပြီးနောက် စစ်သွေးကြွတွေဟာ အမျိုးသမီးတွေပုံစံတုပ ၀တ်ဆင်ပြီး မြို့ထဲကနေ ထွက်ခွာဖို့ ကြိုးစားခဲ့ပေမဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ စပွန်နစ်သတင်းမှာဖော်ပြထားပါတယ်။

 ကာဒ့်တိုက်ခိုက်ရေးအဖွဲ့တွေ ပါဝင်တဲ့ SDF အဖွဲ့ဟာ သူတို့ဝန်းရံထားတဲ့ မြို့ထဲက လွတ်မြောက်ဖို့ ကြိုးစားတဲ့ စစ်သွေးကြွ(၃)ဦးကို ကြာသပတေးနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

 အမျိုးသမီးတွေဝတ်ဆင်လေ့ရှိတဲ့ ပုံစံအတိုင်း ၀တ်ဆင်ပြီး အရပ်သားတွေနဲ့ ရောနှောကာ မြို့ထဲက ထွက်ခွာဖို့ ကြိုးစားတဲ့ စစ်သွေးကြွတွေကို ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး သူတို့တွေကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဗီဒီယိုကို SDF အဖွဲ့က ယူကျုပေါ်တင်ခဲ့တယ်လို့ သိရပါတယ်။


 မျက်နှာတွေကို ဖုံးအုပ်ထားတဲ့ စစ်သွေးကြွတွေကို SDF အဖွဲ့ဝင်တွေက စစ်ဆေးခဲ့တာဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းထားသူတွေကို အမျိုးသမီးတွေ မဟုတ်ကြောင်း သက်သေပြချက်အနေနဲ့ အတွင်းခံဘောင်းဘီတွေကို ချွတ်စေခဲ့တယ်လို့ SDF က ထုတ်ပြန်လိုက်တဲ့ ဗီဒီယိုမှာ ဖော်ပြထားပါတယ်။

 IS စစ်သွေးကြွတွေကို မြို့ထဲက ထွက်ခွာဖို့ နောက်ဆုံးအခွင့်အရေးပေးခဲ့ပေမဲ့ အဲ့ဒီအမိန့်ကို မနာခံဘဲ စစ်သွေးကြွတွေက မြို့ထဲမှာဆက်လက်ကျန်ရှိနေကာ ပြန်လည်တိုက်ခိုက်နေခဲ့တာပဲ ဖြစ်ပါတယ်။

 မြို့ထဲမှာ ရာနဲ့ချီတဲ့ အရပ်သားတွေ ကျန်ရှိနေသေးပြီး စစ်သွေးကြွတွေက သူတို့တွေကို လူသားဒိုင်းအဖြစ် အသုံးပြုနေကြတယ်လို့ စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Chris Garverက ပြောကြားခဲ့ပါတယ်။

5 Plus News
https://www.facebook.com/5plusnews
အမျိုးသမီးပုံစံ တုပ၀တ်ဆင်ကာ ရုပ်ဖျက်ပြီး မြို့ထဲကနေ ထွက်ပြေးဖို့ ကြိုးစားတဲ့ IS စစ်သွေးကြွတွေကို ဖမ်းဆီးရမိ  အမျိုးသမီးပုံစံ တုပ၀တ်ဆင်ကာ ရုပ်ဖျက်ပြီး မြို့ထဲကနေ ထွက်ပြေးဖို့ ကြိုးစားတဲ့ IS စစ်သွေးကြွတွေကို ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 20:45 Rating: 5
Powered by Blogger.