ဘင်္ဂလားဒေ့ရှ်တွင် လူ၂၆၀ပျောက်ဆုံးနေကာ IS အစွန်းရောက်များနှင့် ဆက်သွယ်ဖွယ်ရှိဟုဆို


ဒါကာ၊ ဇူလိုင်-၂၀

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူ ၂၆၁ ဦးထက်မနည်း ပျောက်ဆုံးနေပြီး သူတို့ထဲကအတော်များများ ဟာ ပြည်တွင်းနေအစ္စလာမ်မစ်အစွန်းရောက်အဖွဲ့ ဒါမှမဟုတ် အရှေ့အလယ်ပိုင်းက အစ္စလာမ်မစ်အုပ်စုနဲ့ ဆက်သွယ်ခဲ့တာဖြစ်တယ်လို့ အာဏာပိုင်များက ဗုဒ္ဓဟူးနေ့အစောပိုင်းက ကြေညာ ခဲ့ပါတယ်။

နိုင်ငံအထူးလုံခြုံရေးတပ်ဖွဲ့ အာအေဘီ က ညသန်းခေါင်အချိန်လောက်မှာ ပျောက်ဆုံးနေသူများ စာရင်းကိုဖေ့ဘုတ်စာမျက်နှာမှာ ထုတ်ပြန်ခဲ့ပြီး သူတို့ရောက်ရှိနေတဲ့နေရာကိုပြောကြားခဲ့ပါတယ်။

''ငါတို့ သူတို့ကိုရှာတွေ့ရမယ်''လို့ အာအေဘီမှ ပြောရေးဆိုခွင့်ရှိသူ Mufti Mahmud Khan က ဆိုပါတယ်။
လပေါင်းများစွာ ပျောက်ဆုံးနေဆဲ အစ္စလာမ်စစ်သွေးကြွလို့ ယူဆရသူများ၏ အကြမ်းဖက်တိုက်ခိုက်မှု နှစ်ခုအပြီးမှာ သံသယရှိသူတွေကို စာရင်းပြုစုဖို့ ဘင်္ဂလားဒေံရှ်အစိုးရက လုံခြုံရေးအရာရှိတွေကို အမိန့်ပေးခဲ့ပါတယ်။

စာရင်းထဲ ပါဝင်နေသူတွေဟာ ဒေသတွင်းအစွန်းရောက်များ (သို့မဟုတ်) အိုင်အက်စ်အုပ်စုနဲ့ အဆက်အသွယ်ရှိသလားဆိုတာကိုတော့ ခန်းက တစ်စုံတစ်ရာ မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

ပြည်တွင်းအကြမ်းဖက်အုပ်စုရဲ့ မသင်္ကာဖွယ်အဖွဲ့ဝင်တွေဟာ ယခုလအစောပိုင်းက ဒါကာရှိ အဆင့်မြင့်ကော်ဖီဆိုင်တစ်ခုကို တိုက်ခိုက်ခဲ့ပြီး နိုင်ငံခြားသား ၁၈ ဦးအပါအ၀င် လူ ၂၀ သေစေခဲ့ပါတယ်။ နောက်ပိုင်းမှာ အိုင်အက်စ်အဖွဲ့က အဆိုပါတိုက်ခိုက်မှုအတွက် တာဝန်ရှိပါတယ်လို့ အခိုင်အမာပြောဆိုခဲ့တာဖြစ်ပြီး ထိုသို့ပြောဆိုလာမှုကို ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူများက ပယ်ချခဲ့ ပါတယ်။


အဆိုပါ ထိတ်လန့်တုန်လှုပ်ဖွယ် သတ်ဖြတ်မှုတွေနဲ့ တဆက်တည်းဆိုသလိုပဲ ဘင်္ဂလားဒေ့ရှ်မြောက်ပိုင်းက မြို့တစ်မြို့မှာ မွတ်စလင်တွေရဲ့ အစ်နေ့ဆုတောင်းပွဲမှာ သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူသုံးယောက်နဲ့ တိုက်ခိုက်သူတို့ သေဆုံးသွားခဲ့ပါတယ်။

ကဖေးဆိုင်ကို စီးနင်းတဲ့ တိုက်ခိုက်သူ ၅ယောက်နဲ့ အစ်နေ့က သေနတ်သမား ၂ယောက်တို့ဟာ လပေါင်းများစွာ ပျောက်ဆုံးနေခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
''တခြားပျောက်ဆုံးနေတဲ့မိသားစုဝင်တွေရှိရင်လည်း ပြောပါ။ မစိုးရိမ်ပါနဲ့ ဥပဒေဘက်တော်သားတွေက ခင်ဗျားတို့ရဲ့ သားတွေကို ပြန်ခေါ်ပေးလိမ့်မယ်'' လို့ RAB ၏ အကြီးအကဲဖြစ်သူ Benazir Ahmed က ဆိုပါတယ်။

''သူတို့တွေ့ခဲ့ရင် သူတို့ရော တခြားသူတွေကိုပါ ကယ်တင်နိုင်ပါလိမ့်မယ်''လို့လည်း အာမဒ်က ပြောကြားခဲ့ပါတယ်။

နာမည်ကြီးတက္ကသိုလ်မှ အင်ဂျင်နီယာများ၊ ကျောင်းသားကျောင်းသူများနဲ့ ဆရာဝန်များအပါအ၀င် လူဒါဇင်ပေါင်းများစွာဟာ အိုင်အက်စ်အဖွဲ့နဲ့ ဆက်သွယ်ဖို့ အရှေ့အလယ်ပိုင်းကို ခရီးသွားကြပါတယ်လို့ ပြည်တွင်းမီဒီယာက သတင်းထုတ်ပြန်ခဲ့ပါတယ်။

လွန်ခဲ့တစ်နှစ်အကျော်က အစိုးရရဲ့ နိုင်ငံရဲ့ပျောက်ဆုံးနေတဲ့စာရင်းတွေ စတင်ရှာဖွေတဲ့လှုပ်ရှားမှု တစ်ခုမှာ ပျောက်ဆုံးနေတဲ့ အင်ဂျင်နီယာ Najibullah Ansari ကို တိုင်ချက်ဖွင့်ဖို့အတွက် သူ့မိဘ တွေက ရဲစခန်းကိုရောက်ခဲ့ပါတယ်။

Ansari ဟာ သူ့ညီဆီကို 2015 ခုနှစ် ဇန်န၀ါရီလတုန်းက ဖေ့စ်ဘုတ်ကနေ နောက်ဆုံးဆက်သွယ်ခဲ့ပြီး သူဟာ စစ်ဒဏ်ခံနေရတဲ့အီရတ်မှာ ဂျီဟတ်တွေနဲ့ တိုက်ခိုက်နေတာဖြစ်တယ်လို့ ပြောဆိုခဲ့တာကို သူ့မိသားစုရဲ့ပြောပြချက်အရ သိရပါတယ်။

"ငါအီရတ်ကိုလာတာ။ ငါ့အတွက်မစိုးရိမ်ဖို့ အဖေနဲ့အမေကိုပြောပေးပါ။ ငါ ဒီကို ဂျီဟတ်စစ်ဆင်ရေး အတွက် လာခဲ့တာဖြစ်တယ်''လို့ မက်ဆေ့ခ်ျဖတ်ခဲ့တယ်လို့ ပြည်တွင်း နေ့စဉ်သတင်းစာ Dhaka Tribune က ဆိုပါတယ်။

AM
china.com Myanmar
https://www.facebook.com/china.com.mm/
ဘင်္ဂလားဒေ့ရှ်တွင် လူ၂၆၀ပျောက်ဆုံးနေကာ IS အစွန်းရောက်များနှင့် ဆက်သွယ်ဖွယ်ရှိဟုဆို  ဘင်္ဂလားဒေ့ရှ်တွင် လူ၂၆၀ပျောက်ဆုံးနေကာ IS အစွန်းရောက်များနှင့် ဆက်သွယ်ဖွယ်ရှိဟုဆို Reviewed by THITHTOOLWIN on 17:49 Rating: 5
Powered by Blogger.