စာပေ ကင်ပေတိုင် ဟောင်း ကြီးရဲ့ နုတ်ထွက်မှု နောက်ကွယ်က ဇာတ်လမ်းနှင့် facebook ပေါ်မှ ရိုက်ခတ်သံ

 အခုရက်ပိုင်း အွန်လိုင်းပေါ် တက်လာတဲ့ စာပေ ကင်ပေတိုင် ဟောင်း ကြီးရဲ့ နုတ်ထွက်မှု နောက်ကွယ်က ဇာတ်လမ်း အမှန် ဖြစ်ပါတယ်။ မဘသ လက်စွမ်း ပြထားတဲ့ တစ်လင် တစ်မယား ဥပဒေနဲ့ ငြိပြီး လစ်သွားရ ရှာတာပါ။ ဟိုလိုလို ဒီလိုလို ရောမချ ကြပါနဲ့လို့  Zin Thaw Naing (facebook) မှာ ရေးသားထားပါတယ်။


(ဒီအကြောင်း ဖော်ကောင် လုပ်တာ ဘူးလက်ပါ။ အခု တင်ထားတာက ဘူးလက်ရဲ့ ဂျာနယ်ထဲမှာ မထင်မရှား ညှပ်ပြီး ဖော်ပြထားတဲ့ စာကြောင်းလေး ဖြစ်ပါတယ်)


အမြဲတမ်း အတွင်းဝန်ရာထူးမှ နုတ်ထွက်ခဲ့သော ဦးတင့်ဆွေမှာ ရာထူးမှ နုတ်ထွက်ခြင်းနှင့်ပတ်သတ်၍ သူ၏ လူမှုကွန်ရက် စာမျက်နှာတွင် အခုလို ရေးသား ဖော်ပြထားပါသည်။

နှုတ်ဆက်ခြင်း

တစ်ဆယ့်တစ်နှစ်ကျော်ကာလ တာဝန်ထမ်းဆောင်ခဲ့သော ပြန်ကြားရေးကို နှုတ်ဆက်လိုက်ပါသည်။ ယင်းကာလများအတွင်း ညွန်ကြားရေးမှူးဘဝမှ ညွှန်ကြားရေးမှူးချုပ်ဘဝတိုင် ကျွန်တော့်ကို ဖေးမအားပေး ကူညီစောင့်ရှောက်ကြည့်ရှုပေးခဲ့ကြသည့် ဆရာသမား၊ လုပ်ဖော်ကိုင်ဖက်နှင့် ဝန်ထမ်းများအားလုံးကို ကျေးဇူးတင်ပါသည်။

ပြန်ကြားရေးအနေဖြင့် နာယကဂုဏ်ခြောက်ပါးနှင့် ပြည့်စုံသော ခေါင်းဆောင်ကောင်း ရရှိပါစေကြောင်းနှင့် ခိုင်မာ၍ လက်တွေ့ကျသော မူဝါဒများနှင့်အတူ အောင်မြင်မှုများ ရရှိနိုင်ပါစေကြောင်းလည်း နောက်ဆုံးအားဖြင့် ဆုမွန်ကောင်း တောင်းလိုက်ပါသည်။

FB သူငယ်ချင်းများ အားလုံးကျန်းမာရွှင်လန်းကြပါစေကြောင်း...

ရဲရင့်တင့်ဆွေ (Tint Swe Facebook)
စာပေ ကင်ပေတိုင် ဟောင်း ကြီးရဲ့ နုတ်ထွက်မှု နောက်ကွယ်က ဇာတ်လမ်းနှင့် facebook ပေါ်မှ ရိုက်ခတ်သံ  စာပေ ကင်ပေတိုင် ဟောင်း ကြီးရဲ့ နုတ်ထွက်မှု နောက်ကွယ်က ဇာတ်လမ်းနှင့် facebook ပေါ်မှ ရိုက်ခတ်သံ Reviewed by THITHTOOLWIN on 20:42 Rating: 5
Powered by Blogger.