ပျဉ်းမနားမြို့ နှင်းဆီပန်းအ၀ိုင်းအနီး ကြယ်စင်ဟိန်း Express ယာဉ် အရှိန်လွန်ပြီး ရတနာရွှေဆိုင်ကို ၀င်တိုက်


ယာဉ်မောင်း နိုင်လင်း မောင်းနှင်လာသော ယာဉ်အမှတ် 9F/5183 ကြယ်စင်ဟိန်း နေပြည်တော်-မုံရွာ အဝေးပြေးယာဉ်သည် ပျဉ်းမနား ဘောဂသီရိကားဝင်းအတွင်းသို့ ရာဇဋ္ဌာနီလမ်းအတိုင်း တောင်မှ မြောက်သို့မောင်းနှင်လာစဉ် ပျဉ်းမနားမြို့နှင်းဆီပန်းအ၀ိုင်းအရောက်တွင် အ၀ိုင်းအုတ်ခုံအားဝင်တိုက်မိပြီး အနီးရှိ အောင်လှိုင်ထွန်းရတနာရွှေဆိုင်ကို အရှိန်လွန်တိုက်မိမှု ယနေ့ ဇူလိုင် ၂၀ ရက် နံနက် ၆ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့သည်။

ယာဉ်တိုက်မှုကြောင့် အောင်လှိုင်ထွန်းရတနာရွှေဆိုင်၏မျက်နှာစာ ပျက်စီးသွားပြီး ယာဉ်မောင်နှင့်စပါယ်ယာအပါအ၀င် ယာဉ်ပေါ်လိုက်ပါလာသူ ၁ ဦးတို့ ပွန်းပဲ့ မူးမေ့ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသမှုခံယူရန် ကုတင် ၁၀၀၀ ဆေးရုံသို့ တင်ပို့ထားကြောင်း သိရသည်။ အမှုနှင့်ပတ်သက်၍ ပျဉ်းမနားမြို့နယ်ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး တင်ဌေးနှင့်ယာဉ်ထိန်းတပ်ဖွဲ့မှ ရဲအုပ် စန်းမင်းတို့မှ စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
ပျဉ်းမနားမြို့ နှင်းဆီပန်းအ၀ိုင်းအနီး ကြယ်စင်ဟိန်း Express ယာဉ် အရှိန်လွန်ပြီး ရတနာရွှေဆိုင်ကို ၀င်တိုက်  ပျဉ်းမနားမြို့ နှင်းဆီပန်းအ၀ိုင်းအနီး ကြယ်စင်ဟိန်း Express ယာဉ် အရှိန်လွန်ပြီး ရတနာရွှေဆိုင်ကို ၀င်တိုက် Reviewed by THITHTOOLWIN on 10:57 Rating: 5
Powered by Blogger.