စေတမန်ခရီးသည်တင် Express ယာဉ်နှင့် ကားလေးတစ်စီး၊ တစ်စီးနှင့်တစ်စီးနေရာလုပြီး ကျော်တက်မောင်းနှင်ရာမှ တိုက်မိ
၁၉-၇-၂၀၁၆ ရက်နေ့ ၁၂၃၀အချိန် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၉၄/၂ နှင့် ၉၄/၃ အကြား၌ စေတမန်ခရီးသည်တင် Express ယာဉ်နှင့် ကားလေးတစ်စီး၊ တစ်စီးနှင့်တစ်စီးနေရာလုပြီး ကျော်တက်မောင်းနှင်ရာမှ တိုက်မိခဲ့ကြောင်း သိရပါသည်။
ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ ယာဉ်မောင်းစိုင်းစံထွန်း မောင်းနှင်လာသည့် 5D/--------MAZDA RX 8အဖြူရောင်ယာဉ်မှာ ဝဲဘက်ယာဉ်ကြောမှ လည်းကောင်း၊ ယာဉ်မောင်း မြင့်နိုင် မောင်းနှင်လာသည့် 5C/-------- စေတမန်ခရီးသည်တင် Express ယာဉ်မှာ ယာဘက်ယာဉ်ကြောမှ လည်းကောင်း တစ်စီးနှင့်တစ်စီးနေရာလုပြီး ကျော်တက်မောင်းနှင်ရာမှ 5D/------- MAZDA RX8ယာဉ်၏ ယာဘက်ရှေ့ဘီးနှင့်5C/-------- စေတမန်ခရီးသည်တင် Express ယာဉ်၏ ဝဲဘက်ရှေဘီးတို့ တိုက်မိပြီး MAZDA RX 8 ယာဉ်မှာ လမ်းယာဘက်မြေသား လမ်းဘေးရှိ လမ်းညွှန်အမှတ်အသား ဆိုင်းဘုတ်တိုင်အား တိုက်မိရပ်တန့်ခဲ့သည်။
ယာဉ်နှစ်စီးပေါ်ပါခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း ယာဉ်အား အန္တရာယ်ဖြစ်အောင် မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်းစိုင်းစံထွန်းနှင့်မြင့်နိုင်တို့(၂)ဦးအား မြို့ချောင်းအမြန်လမ်းမကြီး ရဲစခန်း၌ အမှုဖွင့် အရေးယူထားရှိ ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။
by သစ်ထူးလွင်
စေတမန်ခရီးသည်တင် Express ယာဉ်နှင့် ကားလေးတစ်စီး၊ တစ်စီးနှင့်တစ်စီးနေရာလုပြီး ကျော်တက်မောင်းနှင်ရာမှ တိုက်မိ
Reviewed by THITHTOOLWIN
on
17:41
Rating:
