![]() |
ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအား ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိစဉ်က တွေ့ရစဉ်။ ဓာတ်ပုံ-ဟံသာဟိန်း |
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် အထောက်အ ထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများကို အလုပ်သ မားဝန်ကြီးဌာနမှ ထိုင်းနိုင်င်ငံအတွင်း စခန်းခြောက်ခု ဖွင့်၍ CI(မြန်မာနိုင်ငံသားဖြစ်ကြောင်းထောက်ခံစာ)ကို ထုတ်ပေးသွားမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဦးသိန်းဆွေက ပြောသည်။
ထိုသို့ထုတ်ပေးရန်အတွက် ထိုင်းနိုင်ငံအစိုးရနှင့် သ ဘောတူညီမှုရရှိခဲ့ပြီးဖြစ်ကြောင်းနှင့် ယခုလအတွင်း ထုတ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
''ထိုင်းအစိုးရနဲ့က အားလုံးသဘောတူညီမှုရပြီး သွားပြီး ထိုင်းနိုင်ငံဘက်က ဗီဇာရယ်အလုပ်လုပ်ကိုင် ခွင့်လက် မှတ်ရယ်ပေးမယ်။ မြန်မာဘက်က မြန်မာနိုင်ငံသားဖြစ် ကြောင်းထောက်ခံစာ(CI)ပေးမယ် အလုပ်သမားဝန်ကြီး ဌာန၊ လ၀က၊ နိုင်ငံခြားရေးဝန်ကြီးဌာန တွေပါမယ်။ သွားဖို့က အားလုံးအဆင်သင့်ဖြစ်နေပြီ။ ထိုင်းဘက်က တရားဝင်စာရပြီဆိုရင် စပြီးထုတ်ပေးလို့ရပြီ။ ဇူလိုင်လ ကုန်လောက်လုပ်ငန်းစမယ်ထင်တယ်"ဟု ပြည်ထောင် စုဝန်ကြီးဦးသိန်းဆွေက ပြောသည်။
့်စခန်းခြောက်ခုကို မြန်မာရွှေ့ပြောင်းအလုပ်သမားများ အများဆုံးရှိသော မဟာချိုင်၊ မဲဆိုင်၊ စမွတ်ပရာကန်၊ မဲ ဆောက်၊ ရနောင်း၊ ကန်ချနဘူရီ စသည့်နေရာ ခြောက် ခုတွင် စခန်းများဖွင့်သွားမည် ဖြစ်သည်။
CIပြုလုပ်နိုင်မည့်သူများမှာ မှတ်ပုံတင်နှင့်ထိုင်းနိုင်ငံမှ ထုတ်ပေးထားသည့် TR38၊(ပန်းရောက်ကတ်ပြား)စ သည်တို့ ကိုင်ဆောင်ထားသူဖြစ်ရမည်ဖြစ်ပြီး၊ CIရရှိပြီး ပါက ထိုင်းနိုင်ငံအတွင်း တရားဝင်သွားရောက် အလုပ် လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
''CI ကတ်ပြားလုပ်ပေးမှာက အလုပ်သမားအများစု အ လုပ်ပိတ်တဲ့ရက်တွေမှာ လုပ်ပေးမယ်။ အချို့လာဖို့ခက် တဲ့နေရာတွေဆိုရင် စက်ရုံရှိတဲ့နေရာကိုသွားပြီး လုပ် ပေးမယ်။ ကုန်ကျစရိတ်ကတော့ ထိုင်းဘက်က တရား ၀င်စာရတာနဲ့ ထုတ်ပြန်ပေးမယ်။ ၀န်ကြီးဌာနအနေနဲ့ ကတော့ အလုပ်သမားတွေ ၀န်ထုတ်ဝန်ပိုးဖြစ်စေမဲ့ နှုန်း ထားတော့ မကောက်ခံပါဘူး''ဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။
ထိုင်းနိုင်ငံအတွင်း တရားမ၀င်မြန်မာရွှေ့ပြောင်း အလုပ် သမားများစွာရှိသော အဆိုပါ CIပြုလုပ်မှုကို နှစ်နှစ်ခန့် ကြာမြင့်မည်ဟု ခန့်မှန်ထားကြောင်း သိရသည်။
ဟံသာဟိန်း
CentralNewsMyanmar
https://www.facebook.com/CNMyanmar
ထိုင်းနိုင်ငံရှိ အထောက်ထားမဲ့မြန်မာအလုပ်သမားများ ကို စခန်းခြောက်ခုဖွင့်၍ CIထုတ်ပေးမည်
Reviewed by THITHTOOLWIN
on
19:26
Rating:
