နီပွန်တယ်လီကွန်း မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှုလိုင်စင် ရရှိ


မြန်မာနိုင်ငံပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနကနေဆက်သွယ်ရေးဝန်ဆောင်မှုလိုင်စင်ရရှိခဲ့တယ်လို့ Nippon (နီပွန်) ကြေးနန်းနဲ့တယ်လီဖုန်း ကော်ပိုရေးရှင်း(NTT)ကဇူလိုင်(၁၃)ရက်မှာ ကြေညာလိုက်ပါတယ်။

 ပထမအဆင့်အနေနဲ့ ရန်ကုန်မြို့မှာ မြန်နှုန်းမြင့် အင်တာနက်ဝန်ဆောင်မှုရရှိနိုင်အောင် စတင် အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်။

Digi-Path Premier ဆိုတဲ့ဝန်ဆောင်မှုမှာတော့၊ NTT ရဲ့ကမ္ဘာလုံး ဆိုင်ရာအင်တာနက်နက်ဝါ့ခ်ကွန် ယက်နဲ့ချိတ်ဆက်ပေးထားပြီး 1Mbps အင်တာနက်မြန်နှုန်းဝန်ဆောင်မှုကို ရရှိမှာဖြစ်ပါတယ်။

အခြားအပိုဝန်ဆောင်မှု အနေနဲ့ Global IP address အပါအ၀င်၊ web hosting, mail hosting၊ routers ငှားရမ်းမှု ၊ firewalls တွေကိုစီမံခန့် ခွဲမှု၊ internet VPN နဲ့ဖိုင်လွှဲပြောင်းတာတွေကိုလည်းရရှိနိုင်မှာ ဖြစ်ပါတယ်။

 NTT ရဲ့ဝန်ဆောင်မှုသစ်တွေမှာတော့ စိတ်ချယုံကြည်ရတဲ့ ဆက်သွယ်ရေးပတ်ဝန်းကျင်၊မြန်ဆန်တဲ့လွှဲပြောင်းမှုနဲ့ (၂၄)နာရီပတ်လုံး အသုံးပြုနိုင်မယ့်နက်ဝါ့ကွန် ယက်ကိုရရှိခံစားရမှာဖြစ်ပါတယ်။ ဒီသတင်းကို Central News Bureau က ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
နီပွန်တယ်လီကွန်း မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှုလိုင်စင် ရရှိ  နီပွန်တယ်လီကွန်း မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှုလိုင်စင် ရရှိ Reviewed by THITHTOOLWIN on 19:21 Rating: 5
Powered by Blogger.