![]() |
Hubei ပြည်နယ်မှာ ဖြစ်နေတဲ့ ရေကြီးမှုကို တွေ့ရစဉ် (Credit: Reuters) |
မိုးသည်းထန်မှုကြောင့် ရန်ဇီမြစ်ဝ ကျွန်းပေါ်ဒေသမှာ ရေကြီးမှုတွေ ဖြစ်နေပြီး စိုက်ပျိုးမြေ ဟက်တာပေါင်း ၂ သန်းလည်း ပျက်စီးခဲ့ရပါတယ်။
ဒီသတင်းပတ်အတွင်း မုန်တိုင်း ဝင်ရောက်နိုင်တယ် ဆိုတဲ့ ခန့်မှန်းချက်ကြောင့် ပိုပြီး စိုးရိမ်နေရပါတယ်။
အခုလောလောဆယ် တရုတ်နိုင်ငံထဲ ဝင်ရောက်နိုင်တယ်ဆိုတဲ့ မုန်တိုင်းဟာ မုန်တိုင်း အဆင့် ၄ ဆင့်ကို ရောက်ရှိနေပြီး ပစိဖိတ်သမုဒ္ဓရာမှာ ဖြစ်ပေါ်နေပါတယ်။
ဆူပါမုန်တိုင်း Nepartak ဟာ ဂျပန်နိုင်ငံတောင်ပိုင်းစွန်း Ryukyu ကျွန်းကို ရောက်တဲ့အခါမှာ အင်အား အပြင်းဆုံးဖြစ်မယ်လို့ ခန့်မှန်းထားပြီး ထိုင်ဝမ် ကမ်းခြေကိုတော့ ကြာသပတေးဒါမှမဟုတ် သောကြာနေ့ မနက်မှာ ဖြတ်သန်းမယ်လို့ ခန့်မှန်းနေကြပါတယ်။
အဲဒီနောက် တရုတ်နိုင်ငံ အရှေ့ဖက် ကမ်းရိုးတမ်းဒေသကို ကျရောက်မယ်လို့ ခန့်မှန်းနေကြပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
ရေကြီးတဲ့ တရုတ်နိုင်ငံထဲ မုန်တိုင်းဝင်မယ်ဆိုလို့ စိုးရိမ်ကြ
Reviewed by THITHTOOLWIN
on
18:53
Rating:
