ရေနံချောင်းမြှိုနယ်တွင် ညီအစ်ကိုနှစ်ဦး ငုံးထောင်သွားရာမှ မိုးကြိုးထိမှန်သေဆုံး


ရေနံချောင်းမြို့နယ်၊ အရှေ့ကုန်းကျေးရွာအနီး၌ဇူလိုင် ၂၁ ရက်ကအမျိုးသားနှစ် ဦး မိုးကြိုးထိမှန် သေဆုံးခဲ့ကြောင်းအင်တောနယ်မြေရဲစခန်းမှသိရသည်။

 ဖြစ်စဉ်မှာ ဇူလိုင် ၂၁ ရက် ညနေ ၄ နာရီအချိန်ကရေနံချောင်းမြို့နယ်၊ အရှေ့ကုန်းကျေးရွာအုပ်စု၊ အရှေ့ကုန်းရွာ၏ အရှေ့မြောက်ဘက် သုံး မိုင်ခန့်အကွာ ဦးဝင်းဘို၏ ပဲခင်းအနီး ထန်းပင်နှင့် ဖက်သန်းပင်အောက်တွင် လူနှစ်ဦးမိုးကြိုးထိမှန်၍ သေဆုံးနေကြောင်း အရှေ့ကုန်းကျေးရွာအုပ်ချုပ်ရေးမှူးဦးရဲအောင်မှ ဖုန်းဆက်ကြောင်း ကြားချက်အရ အင်တောရဲကင်းစခန်းမှူး ရဲအုပ်သန်းနိုင်ဦးနှင့်အဖွဲ့ အခင်းဖြစ်နေရာသို့သွားရောက်စစ်ဆေးခဲ့သည်။

 သေဆုံးသူများမှာ အရှေ့ကုန်းကျေးရွာနေညီအစ်ကိုများဖြစ်ကြသော ကိုသိန်းတန် နှင့် ကိုပြူးကျော် တို့ဖြစ်ကြပြီး ၎င်းတို့မျက်နှာနှင့်ရင်ဘတ်၊ လက်မောင်း၊နှုတ်ခမ်း၊ မျက်ခွံတို့တွင် မဲခြောက်နေပြီး မိုးကြိုးထိမှန်သောလက္ခဏာများဖြင့်အခင်းဖြစ်နေရာတွင် သေဆုံးနေ သည်ကိုစစ်ဆေးတွေ့ရှိခဲ့သည်။

 ဖြစ်စဉ်အားစုံစမ်းရာဇူလိုင် ၂၀ ရက် မွန်းလွဲသုံး နာရီခွဲအချိန်က ၎င်းတို့ ညီအစ်ကို နှစ်ဦးသည်ငုံးထောင်ရန်အတွက် နေအိမ်မှထွက်ခွာသွားပြီး ညအချိန်ရောက်သည်အထိ အိမ်ပြန်ရောက်လာခြင်း မရှိခဲ့သောကြောင့်မိသားစုများနှင့် ရွာသူ/ကျေးရွာသားများမှ လိုက်လှံရှာဖွေခဲ့ရာတွေ့ရှိခြင်းမရှိခဲ့၍ ထပ်မံရှာဖွေရာမှ ဇူလိုင် ၂၁ ရက် နံနက် ၁၀ နာရီခွဲအချိန်တွင် ကျေးရွာ၏အရှေ့မြောက်ဘက် သုံး မိုင်ခန့် အကွာဦးဝင်းဘို၏ ပဲခင်းအနီး ထန်းပင်နှင့်ဖက်သန်းပင်အောက်တွင် သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရကြောင်းသိရသည်။

အဆိုပါသေဆုံးသူညီအစ်ကို နှစ်ဦးသည်ကျေးရွာတွင် ရန်ညိုးရန်စမရှိခြင်းတို့ကြောင့် ၎င်းတို့၏မိသားစုများ၊ဆွေမျိုးသားချင်းများ၊ ကျေးရွာရှိကျောင်း ထိုင်ဆရာတော် နှင့် ကျေးရွာသူ၊ ကျေးရွာသားများ၏ သဘောဆန္ဒအရ ကျေးရွာ၏ဓလေ့ထုံးတမ်းအစဉ် အလာအတိုင်း အခင်းဖြစ်နေရာတွင် ဇူလိုင် ၂၁ ရက် ညနေပိုင်းကသေဆုံးသူနှစ်ဦးအားမြေမြုပ်သဂြိုလ်ခဲ့ကြောင်းသိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ရေနံချောင်းမြှိုနယ်တွင် ညီအစ်ကိုနှစ်ဦး ငုံးထောင်သွားရာမှ မိုးကြိုးထိမှန်သေဆုံး ရေနံချောင်းမြှိုနယ်တွင် ညီအစ်ကိုနှစ်ဦး ငုံးထောင်သွားရာမှ မိုးကြိုးထိမှန်သေဆုံး Reviewed by THITHTOOLWIN on 16:00 Rating: 5
Powered by Blogger.