![]() |
(၈) ဘီးပါကုန်တင်ကား တစ်စီး လမ်းချော်၍ ချောက်ထဲပြုတ်ကျ |
ပုလောမြို့နယ် မကျည်းကုန်း ကျေးရွာအုပ်စု ခမောင်းတောကျေးရွာ ကျောက်ပုဇွန်တောင်၌ ဇူလိုင်လ (၁၇)ရက်နေ့ ယနေ့နံနက် (၄း၀၀) နာရီခန့်က ထားဝယ်မှ မြိတ်သို့ သွားသော (၈)ဘီးပါ ကုန်တင်ကား တစ်စီး ယာဉ်တိမ်းမှောက် ခဲ့ကြောင်း သိရသည်။
အဆိုပါ ကုန်တင်ကားသည် အရှေ့က သွားသော ငါးပါကင်ကားပေါ်မှ ကျကျန်ခဲ့သည့် ငါးများအပေါ် တက်နင်းမိကာ တိမ်းမှောက်ခဲ့ ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရရှိသူမရှိကြောင်း သိရသည်။
၎င်းဖြစ်စဉ်နှင့် စပ်လျဉ်း၍ နံနက်(၆)နာရီခန့်အထိ မကျည်းကုန်း ကျေးရွာ၌ မော်တော် ဆိုင်ကယ်(၁၀)စီးခန့် တိမ်းမှောက် ခဲ့ပြီးဖြစ်၍ နံနက်(၇)နာရီခန့်တွင် မြို့နယ် မီးသတ်စခန်းမှ မီးသတ်ဝန်ထမ်းများက မီးသတ် ပိုက်များဖြင့် ဆေးကြော ပေးခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ငါး တက်နင်းမိကာ ကုန်ကား တိမ်မှောက်
Reviewed by THITHTOOLWIN
on
18:52
Rating:
