Breaking news on 9July2016
ထိုင်းဝမ်နိုင်ငံ မြေအောက်မီးရထား ဘူတာဗုံးခွဲ သူလင်ယင်ချန်း Lin Ying-chang အသက်(၅၅) နှစ်ကို ထိုင်ဝမ်ရဲတွေက တရားခံ စထွက်လာတဲ့နေရာကနေ နောက်ဆုံး ရထားပေါ်မှာ ပေါက်ကွဲစေတဲ့ ပစ္စည်းအိပ် ထားတဲ့အထိ CCTV နဲ့ မှတ်တမ်းတင်ထားတာကို ထိုင်ဝမ် ရဲတပ်ဖွဲ့ က သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖေါ်ပြသခဲ့ပါတယ်။
လင်ယင်ချန်းဟာဒဏ်ယာရလူနာ(၂၅)ယောက်ထဲမှာ ရောပါသွားခဲ့ပြီး ဆေးရုံမှာ နောက်ဆုံး ဖမ်းမိခဲ့ပါတယ်။
ကင်ဆာရောဂါခံစားရတဲ့ လင်ဟာ ခွေးတကောင် နဲ့ ကားတစီး နဲ့  နောက်ဆုံး အလုပ်အကိုင်လက်မဲ့ ဖြစ်နေရင်း ဗုံးပေါက်တဲ့အထဲမှာ သူပါသွားပြီး ဒဏ်ယာရမယ်ဆိုရင် အစိုးရဆီကနေ လျော်ကြေးငွေနဲ့  ဆေးကုသခွင့်ရနိုင်တာကြောင့် အကြွေးတင်နေတာတွေလည်း ပြန်ဆပ်နိုင်မှာဖြစ်တယ်လို့  တရားခံက တွက်ကိန်းနဲ့  လုပ်ခဲ့တာလို့  ထိုင်ဝမ်နိုင်ငံက လာတဲ့ သတင်းတွေမှာရေးသား ဖေါ်ပြနေတာတွေ့ ရပါတယ်။
တရားခံဟာ ပွဲတော် တွေ မှာ ဖေါက်တဲ့ မီးရူးမီးပန်း ကို စုထုတ်ပြီး ဖေါက်ခွဲခဲ့ တာဖြစ်တယ်လို့ သိရပါတယ်။
Social Action for Women - SAW
မြေအောက်ရထား ဗုံးခွဲတဲ့သူ ဖမ်းမိခဲ့ကြောင်း ထိုင်ဝမ် ရဲတပ်ဖွဲ့ ထုတ်ပြန်
Reviewed by THITHTOOLWIN
on
12:44
Rating:
