ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ၏ ၂၀၁၆ ခုနှစ် ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ


နေပြည်တော် ဇူလိုင် ၁၆

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ၏ ၂၀၁၆ ခုနှစ် ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို မြန်မာသက္ကရာဇ် ၁၃၇၈ ခုနှစ် ၀ါဆို လဆန်း ၁၂ ရက် နံနက် (၉)နာရီတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ရှိ သာသနာ့ဗိမာန်တော်၌ ကျင်းပသည်။


အခမ်းအနားသို့ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော် ကျောင်းတိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသ အမှူးပြုသော ဆရာတော်၊ သံဃာ တော်များ ကြွရောက်တော်မူကြသည်။


ရှေးဦးစွာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဗိမာန် တော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုပြီး ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်း၊ ဆီမီးတို့ ကပ်လှူ ပူဇော်သည်။


ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဧည့်ပရိသတ်များ က နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ပဓာနနာယက ဆရာတော်ထံမှ ကိုးပါးသီလ ခံယူ ဆောက် တည်ကြပြီး ဆရာတော်ကြီးများ ရွတ်ပွား သရဇ္ဈာယ်တော် မူကြသည့် မေတ္တာသုတ် ပရိတ် တရားတော်များကို နာယူကြသည်။


ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ပဓာနနာယက ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသထံ ၀ါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။


ထို့နောက် နိုင်ငံတော် သမ္မတ၏ ဇနီး ဒေါ်စုစုလွင်က နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင် မင်းကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒိမာ ဘိဝံသထံ လည်းကောင်း၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်ဇနီး ဒေါ်ခင်သက်ဌေး တို့က နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ကုန်းသာ ဆရာတော် ဘဒ္ဒန္တ၀ိလာသထံ လည်း ကောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုတို့က နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆင်ဖြူကျွန်းဆရာတော် ဘဒ္ဒန္တဉာဏိန္ဒထံ လည်းကောင်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၏ဇနီး ဒေါ်နန့်ကြင်ကြည်က နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆင်မင်းဆရာတော် ဘဒ္ဒန္တသြဘာသာ ဘိဝံသ ထံလည်းကောင်း၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး က နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ရေဦးဆရာတော် ဘဒ္ဒန္တဥတ္တမဉာဏာ ဘိဝံသထံလည်းကောင်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ် ကြူကြူလှတို့ က နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ လွိုင်လင်ဆရာတော် ဘဒ္ဒန္တပညာနန္ဒထံလည်းကောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့်ဇနီး ဒေါ်ဌေးရီတို့က နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့ တွဲဖက်အကျိုး တော်ဆောင် ရေတာရှည်ဆရာတော် ဘဒ္ဒန္တသြဘာသထံလည်းကောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့်ဇနီး ဒေါ်အေးသီတာတို့က နိုင်ငံတော် သြ၀ါဒါ စရိယ ဈေးကုန်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တက၀ိသာရထံလည်းကောင်း၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီးတို့က နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ တွဲဖက်အကျိုး တော်ဆောင် မင်္ဂလာဒုံဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသ ထံလည်းကောင်း၊ အမျိုးသား လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် ဇနီးတို့က နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် ဓမ္မရောင်ခြည် ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မထံ လည်းကောင်း၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဇနီးတို့က နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော် ဆောင် ၀ါးတန်းဆရာတော် ဘဒ္ဒန္တသီလာစာရာဘိဝံသ ထံလည်းကောင်း၊ ပြည်ထောင် စု ၀န်ကြီးများနှင့်ဇနီးများနှင့် တာဝန်ရှိသူများက နိုင်ငံတော်သံဃ မဟာ နာယက အဖွဲ့ အဖွဲ့ဝင် ဆရာတော်ကြီးများ၊ တိပိဋကဆရာတော်ကြီး များနှင့် ဒေသခံဆရာတော်ကြီး များထံလည်းကောင်း ၀ါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။


ထို့နောက် နိုင်ငံတော်သံဃ မဟာနာယအဖွဲ့ အကျိုးတော်ဆောင် သန်လျင် မင်းကျောင်းပထမပြန် စာသင်တိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ အနုမောဒနာ တရားနာယူကြပြီး ရေစက် သွန်း၍ အမျှပေးဝေ ကြသည်။


အခမ်းအနားအပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဧည့်ပရိသတ် များသည် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြ သည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ၏ ၂၀၁၆ ခုနှစ် ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ   ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ၏ ၂၀၁၆ ခုနှစ် ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ Reviewed by THITHTOOLWIN on 19:20 Rating: 5
Powered by Blogger.