၎နှစ်အရွယ်ကလေးငယ်အား နားကပ်လုကာသတ်ဖြတ်ခဲ့မှု ၁၁ လကြာနေပြီ ဖြစ်သော်လည်း စွဲချက်တင်ရန် ကြန့်ကြာနေ


ရန်ကုနု ဇူလိုင် ၂၅

ဧရာဝတီတိုင်းဒေသကြီး ညောင်တုံးမြို့နယ် နတ်ပေးကျေးရွာအုပ်စု၊အတွင်း ဂျုံးဂျုံးကျကျေးရွာ တွင် ၂၀၁၅ခုနှစ် စက်တင်ဘာလ၈ရက်ကဖြစ်ပွားခဲ့သည့်အသက်၎နှစ်အရွယ်ကလေးမလေးအား နားကပ်လုကာ သတ်ဖြတ်ခံ ခဲ့ရသည့်အမှုမှာ ၁၁လကြာမြင့်နေပြီဖြစ်သော်လည်း စွဲချက်တင်သင့်မတင်သင့်အမိန့်ကို မချ မှတ်နိုင်သေးကြောင်း သိရသည်။
" ကျမတို့ဘက်က ရဲ၊ကျေးရွာအုပ်ချုပ်ရေးမှူး ကျောင်းဆရာမတွေအပါဝင် သက်သေ၁၃ဦးကို စစ်ပြီး ပါပြီ။ ညောင်တုံးတရားရုံးမှာပဲ အမှုတည်ဆောက်ဖို့ တရားခံကလေး၂ဦးစီက စစ်ချက်ယူတာ လေးလခွဲလောက် ကြာတယ်။မအူပင်တရားရုံးကို ဒီနှစ်၂လပိုင်းကမှတင်တာ။ကျမတို့ကပူထူနေတော့ရဲကပဲ တရားလိုလုပ်ပြီး ပုဒ်မ၂ခုနဲ့ဖွင့်ထားတယ်လို့သိရတယ်။ဒီနေ့ဆရာဝန်ကို စစ်မယ်ပြောတယ်"ဟု အသတ်ခံရသူ ကလေးမလေးအား မွေးကတည်း က မွေးစားခဲ့သူ အဘွားဖြစ်သူဒေါ်မွှေးမွှေး(ခေါ်) ဒေါ်စန်းစန်းမြင့်က ဇူလိုင်၂၈ရက်က china.com Myanmar သို့ ပြောသည်။


သက်သေလိုက်လာသူတစ်ဦးမှလည်း "ကလေးမလေးက အရမ်းချစ်မွှေးပါတယ်။နေ့တိုင်းလည်း ဘုန်းကြီးဆွမ်းလောင်းရင်သူပါ ပါရမှ။ လမ်းထဲကလည်း အကုန်ချစ်ကြတယ်။ရဲကသွားစစ်တော့မှနားကပ်တစ်ဖက်ကိုအကြီး ကောင်လေးရဲ့ ၃တန်း ကျောင်းစာအုပ်ကြားက တွေ့ရတာ။နားကပ်ကို တယောက်တစ်ဖက် ခွဲယူထားကြတာ။ အငယ်ကောင်လေး ဆီကတော့ ပြန်မရဘူး။ပျောက်သွားတယ်ပြောတယ်”ဟုပြောသည်။
အဆိုပါကလေး၂ဦး၏ကျောင်းမှသက်သေထွက်ဆိုခဲ့သူဆရာမများကလည်း “ ဒီကလေးက ကျောင်းမှာလည်း သူများမုန့်တွေပစ္စည်း တွေကိုလုယူတတ်တယ်။မရရင် လက်ပါတတ်တယ်” လို့တရားရုံး တွင် ထွက်ဆိုချက် များအရသိရသည်။


လေးနှစ်အရွယ် မအိမြတ်နိုးအား လုယက်သတ်ဖြတ်ခဲ့သည်ဟုသံသယရှိသူ အသက်၉နှစ်အရွယ်ရှိ မောင်ထွန်းလှိုင်ဝင်းနှင့်၁၁နှစ်အရွယ်ရှိ မောင်တိုးတက်ကျော်တို့ကို လက်ရှိတွင် မအူပင်ထောင်၌ချုပ်ထားပြီး ပုဒ်မ၃၀၂၊ပုဒ်မ၃၉၂တို့နှင့် ကနဦးစွဲဆိုထားကာ ယင်းပုဒ်မများနှင့်စွဲချက်တင်သင့်မတင်သင့်အား မအူပင်မြို့ရှိ ကလေးသူငယ်တရားရုံးတွင်စစ်ဆေးနေဆဲဖြစ်ကြောင်းသိရသည်။


သေဆုံးသူကလေးမလေး ၏ အဖိုးဖြစ်သူ ဦးသိန်းဇော်မှ "ကျနော်တို့ဒီအမှုကိုရှေ့နေလည်းမငှားဘူး။ ဘာမှ လည်းဖိအားမပေးဘူး။တရားသဖြင့်ပြစ်ဒဏ်ကိုပဲကျစေချင်တယ်။ကိုယ့်ကလေးကဝဋ်ကြွေးပါလို့ ဒါမျိုးဖြစ်သွား တာ။ကိုယ်တွေရှေ့နေငှားလို့ တခုခုဖိအားပေးလို့လိုတာထက် ပို ပြီးပြစ်ဒဏ်ကျသွားမှာ ကလေး အတွက် အထုံ ထပ်ပါမှာကြောက်လို့ ဘာမှကိုမလုပ်ဘူး။တရားဥပဒေက အမှန်အတိုင်းပဲဖြစ် လာမယ်လို့မျှော် လင့် တယ်"ဟု ပြောသည်။


အဆိုပါအမှုဖြစ်စဉ်မှာ ၂၀၁၅ ခုနှစ်စက်တင်ဘာ ၈ရက် နေ့လယ် ၁၂နာရီခန့်က နေအိမ်အနီး ရှိဈေးဆိုင်ရှေ့တွင်ကစား နေသူ အသက်၎နှစ်အရွယ်ကလေးမလေးအား အသက်၉နှစ်နှင့်၁၁နှစ်အရွယ်ရှိသူ ကောင်လေးနှစ်ဦးမှ ကြာပန်းများ ခူးပေးမည်ဟုဆိုကာ ခေါ်ဆောင်သွားခဲ့ပြီး ကလေးမလေး၏နားကပ်ကို တောင်းယူခဲ့ ကြောင်း၊မပေးသဖြင့် ရိုက်နှက်ကာ ရေထဲနှစ်ထားခဲ့ပြီး နောက်တစ်ကြိမ်ပြန်လာကြည့်ရာ တွင်မသေသေးသဖြင့် ဝါးချွန်ဖြင့် မျက်လုံးကိုထိုးကာ ရေထဲထပ်မံနှစ်ထားခဲ့ကြောင်း ရဲစစ်ချက်များ အရသိရသည်။ မျက်မြင် သက်သေများ၏ ထွက်ဆိုချက် အရယင်းကလေးငယ်၂ဦးအား ယင်းနေ့ည၁၂နာရီခန့်တွင်နေအိမ်မှာပင် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

စန္ဒာ
china.com Myanmar
https://www.facebook.com/china.com.mm/
၎နှစ်အရွယ်ကလေးငယ်အား နားကပ်လုကာသတ်ဖြတ်ခဲ့မှု ၁၁ လကြာနေပြီ ဖြစ်သော်လည်း စွဲချက်တင်ရန် ကြန့်ကြာနေ  ၄နှစ်အရွယ်ကလေးငယ်အား နားကပ်လုကာသတ်ဖြတ်ခဲ့မှု ၁၁ လကြာနေပြီ ဖြစ်သော်လည်း စွဲချက်တင်ရန် ကြန့်ကြာနေ Reviewed by THITHTOOLWIN on 16:05 Rating: 5
Powered by Blogger.