![]() |
မြောက်ကိုရီးယားနိုင်ငံက ဒုံးကျဉ်တစ်ခု (Credit: AFP) |
အဲဒီ ဒုံးကျဉ်တွေဟာ မိုင်ပေါင်း ၃၀၀ ကနေ ၃၆၀ အကြား သွားလာပြီး အရှေ့ဘက် ကမ်းရိုးတမ်းဒေသက ပင်လယ်ပြင်ထဲ ထိုးကျသွားတယ်လို့ ဆိုပါတယ်။
အမေရိကန်အစိုးရရဲ့ အဆိုအရ ပစ်လွတ်တဲ့ ဒုံးကျဉ်ထဲက နှစ်ခုကတော့ Scud ဒုံးကျဉ် အမျိုးအစားဖြစ်ပြီး နောက်တစ်ခုကတော့ Rodong အမျိုးအစား ဖြစ်တယ်လို့ ဆိုပါတယ်။
မြောက်ကိုရီးယားအနေနဲ့ အရင်တုန်းကလည်း အဲဒီလို ဒုံးကျဉ်အမျိုးအစားတွေကို စမ်းသပ်ပစ်လွတ်ဖူးတယ်လို့ သိရပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ် Monterey မြို့ International Studies က ပညာရှင် Melissa Hanham က မြောက်ကိုရီးယားက နည်းပညာကို စမ်းသပ်တာထက် နိုင်ငံရေးအရ တုန့်ပြန်တာ ဖြစ်မယ်လို့ ယူဆရကြောင်း ရိုက်တာသတင်းကို ပြောသွားခဲ့ပါတယ်။
တောင်ကိုရီးယားနဲ့ အမေရိကန်တို့က anti-missile စနစ်ကို တောင်ကိုရီးယားမှာ ထားရှိမယ်လို့ ပြောဆိုပြီး ရက်ပိုင်းအကြာမှာပဲ မြောက်ကိုရီးယားက အခုလို တုန့်ပြန်တာ ဖြစ်မယ်လို့ သုံးသပ်ထားပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
မြောက်ကိုရီးယား ဒုံးကျဉ် ၃ ခု ပစ်လွတ်
Reviewed by THITHTOOLWIN
on
16:50
Rating:
