ဖခင်အတွက် လက်စားချေမယ်လို့ အိုဆာမာ ဘင်လာဒင် သားဆို

(Credit: Reuters) 
အမေရိကန်နိုင်ငံ ​အထူးတပ်ဖွဲ့ကနေ ​ပစ်သတ်ခဲ့တဲ့ ​Al ​Qaeda ​အကြမ်းဖက် ​ခေါင်းဆောင် ​အိုဆာမာ ​ဘင်လာဒင်အတွက် ​အမေရိကန်ကို ​လက်စားချေမယ်လို့ ​သားဖြစ်သူက ​အွန်လိုင်းပေါ်မှာ ​ပြောသွားခဲ့ပါတယ်။

အိုဆာမာ ​ဘင်လာဒင်ရဲ့သား ​Hamza ​bin ​Laden ​ဟာ ​We ​are ​all ​Osama ​ဆိုတဲ့ ​ခေါင်းစဉ်နဲ့ ​၂၁ ​မိနစ်ကြာ ​မိန့်ခွန်းပြောခဲ့တယ်လို့ ​SITE ​Intelligence ​Group ​က ​ပြောပါတယ်။

အသံဖိုင်ထဲမှာ ​Hamza ​bin ​Laden ​က ​အမေရိကန်ကို ​ပြည်တွင်းမှာပဲ ​ဖြစ်ဖြစ် ​ပြည်ပမှာပဲ ​ဖြစ်ဖြစ် ​ဆက်လက် ​တိုက်ခိုက်မှုတွေ ​လုပ်ဆောင်သွးမယ်လို့ ​ပြောဆိုလိုက်ပါတယ်။

အဲလို ​တိုက်ခိုက်မှု ​လုပ်ရတာဟာလည်း ​ပါလစ္စတိုင်း၊ ​အာဖဂန်နစ္စတန်၊ ​ဆီးရီးယား၊ ​အီရတ်နဲ့ ​ဆိုမားလီးယား ​နိုင်ငံက ​ပြည်သူတွေနဲ့ ​မွတ်ဆလင်တွေအတွက် ​လက်စားချေတာ ​ဖြစ်တယ်လို့လည်း ​ပြောလိုက်ပါတယ်။

အိုဆာမာ ​ဘင်လာဒင်ဟာ ​ပါကစ္စတန်နိုင်ငံမှာ ​ပုန်းအောင်းနေတုန်း ​အမေရိကန် ​ကွန်မန်ဒိုတပ်က ​၂၀၁၁ ​ခုနှစ်တုန်းက ​ဘင်လာဒင်ရဲ့ ​နေအိမ်ကို ​သွားရောက်ပြီး ​လုပ်ကြံသတ်ဖြတ်ခဲ့တာ ​ဖြစ်ပါတယ်။

အမေရိကန်က ​ရရှိထားတဲ့ ​အချက်အလက်တွေအရ ​အိုဆာမာ ​ဘင်လာဒင်ရဲ့ ​တပည့်ဟောင်းတွေဟာ ​အီရန်နိုင်ငံမှာ ​နေအိမ်အကျယ်ချုပ်အဖြစ် ​ထိန်းသိမ်းခံနေရတဲ့ ​အိုဆာမာ ​ဘင်လာဒင်ရဲ့သား ​Hamza ​နဲ့ ​အဆက်အသွယ်ရဖို့ ​ကြိုးစားတာကို ​တွေ့ခဲ့ကြရပါတယ်။

Hamza ​ဟာ ​အသက် ​၂၀ ​ဝန်းကျင်အရွယ်ရှိနေပြီး ​Al ​Qaeda ​ခေါင်းဆောင်မှာ ​သွေးသစ်လောင်းမယ့်လူ ​ဖြစ်နိုင်တယ်လို့ ​Brookings ​Institution ​က ​Bruce ​Riedel ​က ​ရိုက်တာ ​သတင်းကို ​ပြောသွားခဲ့ပါတယ်။

Reuters
ABC Radio Australia
http://www.radioaustralia.net.au/burmese
ဖခင်အတွက် လက်စားချေမယ်လို့ အိုဆာမာ ဘင်လာဒင် သားဆို ဖခင်အတွက် လက်စားချေမယ်လို့ အိုဆာမာ ဘင်လာဒင် သားဆို Reviewed by THITHTOOLWIN on 16:09 Rating: 5
Powered by Blogger.