ရွှေဆွဲကြိုးလုယူ ထွက်ပြေးသူ ဖမ်းမိ

ရွှေဆွဲကြိုးလုယူထွက်ပြေးသူအား ပတ်ဝန်းကျင်နေပြည်သူများနှင့် လှည့်ကင်းမော်တော်ယာဉ် တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များက မိနစ်ပိုင်း အတွင်း ဖမ်းဆီးရမိအရေးယူ
ရန်ကုန်၊ ဇူလိုင် ၂၂

၂၂.၇.၂၀၁၆ ရက်နေ့ ၁၀၀၀ အချိန်တွင် သာကေတမြို့နယ်နေ မညိမ်းညိမ်းအိသည် ၎င်းဈေးရောင်းချသည့် အာလူးကြော်များ ယူရန် အတွက် လမ်းမတော်မြို့နယ်၊ (၁၂)ရပ်ကွက်၊ ဘုန်းကြီးလမ်းရှိ ဘုန်းတော်ကြီးေ ကျာင်းတိုက်ဝင်းအတွင်းသို့ သွားရောက်စဉ် မြို့မိဘုန်းတော်ကြီးကျောင်းရှေ့အရောက် အမျိုးသားတစ်ဦးမှနောက်ဘက်မှနေ၍ ၎င်း၏လည်ပင်းတွင် ဆွဲထားသော ရွှေဆွဲကြိုးအား လုယူထွက်ပြေးသွားသဖြင့် အော်ဟစ်အကူအညီ တောင်းခံရာ ပတ်ဝန်းကျင်ရှိ ပြည်သူများနှင့် လှည့်ကင်းမော်တော်ယာဉ်တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးခဲ့ရာ ဆွဲကြိုးဖြတ်ပြေးသူအား ၁၀၀၅ အချိန်တွင် ဗိုလ်ချုပ်လမ်းနှင့် လမ်းမတော် လမ်းထောင့်၌ သက်သေခံရွှေဆွဲကြိုးနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

၎င်းအားစစ်ဆေးရာ လှိုင်သာယာမြို့နယ်နေ ပြောင်ကြီး(ခ)မျိုးမင်းထွဋ်(၂၅)နှစ်ဖြစ်ကြောင်း သိရှိရပြီး လမ်းမတော်မြို့မရဲစခန်း(ပ)၉၁/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

ရွှေဆွဲကြိုးလုယူ ထွက်ပြေးသူ ဖမ်းမိ  ရွှေဆွဲကြိုးလုယူ ထွက်ပြေးသူ ဖမ်းမိ Reviewed by THITHTOOLWIN on 16:50 Rating: 5
Powered by Blogger.