‎တောင်ကျချောင်းရေကျဆင်းမှုကြောင့် ဆိုင်ကယ်နှင့်နွားအချို့မျောပါမှုဖြစ်‬


တောင်တွင်းကြီး ဇူလိုင် (၁၇)

မကွေးတိုင်းဒေသကြီး ၊ တောင်တွင်းကြီးမြို့နယ်တွင် တောင်ကျချောင်းရေကျဆင်းမှုကြောင့် ချောင်းဖျားတစ်လျှောက်ရှိ ကျေးရွာမှ ဒေသခံအချို့၏ မော်တော်ဆိုင်ကယ်နှင့် လှည်းတစ်စီး ၊ နွားနှစ်ကောင် ရေစီးနောက်မျောပါမှုတစ်ခု ယနေ့ ဇူလိုင် (၁၇) ရက် ညနေ (၄)နာရီ (၅၀)မိနစ်အချိန်ခန့်ဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးအား တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှုအရသိရသည် ။


တောင်တွင်းကြီးမြို့နယ် ၊ ငမင်ချောင်း၏ တောင်ကျရေ ကျဆင်းမှုကြောင့် ငမင်ကျေးရွာအုပ်စု ၊ ပန်းတော်ကွက်ကျေးရွာနေ ဦးဇော်မင်း၏ လယ်ယာသုံး လှည်းတစ်စီး နှင့် နွားနှစ်ကောင် ၊ ဆိုင်ကယ်နှစ်စီး ( ပိုင်ရှင်စုံစမ်းဆဲ ) တို့မှာ ရေစီးနောက်မျောပါသွားခဲ့ပြီး ငမင်ကျေးရွာနှင့် ထုံးတောင်တောရကျောင်းတို့ ဆက်သွယ်သည့် ချောင်းကူးတံတား၏ အောက်ခြေတိုင်(၃)လုံးမှာ ချောင်းရေစီးသန်မှုကြောင့် ကျိုးပဲ့ပျက်စီးခဲ့ရကြောင်း သိရသည် ။

အဆိုပါ ငမင်ချောင်းဖျား၏ တိုးချဲ့ကွက်သစ်များရှိ နေအိမ်(၁၀)လုံးခန့်မှာ ချောင်းရေတက်လာမှုကြောင့်ရွှေ့ပြောင်းထားရပြီး ချောင်းရေမှာ ချောင်းခြေမှ အထက်သို့ (၁၀),ပေခန့်မြင့်တက်နေခြင်းဖြစ်ကြောင်း သိရသည် ။
အဆိုပါ ချောင်းရေတက်မှုကြောင့် ငမင်ကျေးရွာအုပ်စု ၊ပန်းတော်ကွက်ကျေးရွာ ၊ ပိတ်စွယ်ခုံကျေးရွာ ၊ ငမင်ကျေးရွာ ၊ အောင်းစုကျေးရွာအုပ်စု ၊ ရွာသာကျေးရွာ စသည်တို့တွင် ချောင်းရေ၀င်မှုများဖြစ်ပေါ်ခဲ့ရပြီး အိမ်မွေးတိရိစ္ဆာန်များဖြစ်သည့် ကြက် ၊ ၀က် ၊ နွား အချို့ရေလွတ်ရာသို့ ရွှေ့ပြောင်းထားရကြောင်း သိရသည် ။

ထို့အပြင် ညောင်ပင်လှအုပ်စု ၊ သဲပြင်ကျေးရွာတွင်လဲ ညောင်ပင်လှချောင်း၏ ချောင်းရေတင်မှုကြောင့် နေအိမ်အချို့ ရေ၀င်ရောက်လျှက်ရှိပြီး သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး ၊ သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများ ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ ၊ ဒေသခံပြည်သူများက လိုအပ်သော ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျှက်ရှိကြောင်း ကနဦး သတင်းရရှိသည် ။

ဗိုလ်ပြည့် ( တောင်တွင်းကြီး )
https://www.facebook.com/bopyae.taungdwingyi

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ