မန္တလေး ဇူလိုင် ၁၁
မန္တလေး-မြစ်ကြီးနားသို့ သွားလာလျက်ရှိသာ ခရီးသွားပြည်သူများ အဆင်ပြေစေရန် အမှတ် (၃၃) အဆန်နှင့် အမှတ် (၃၄)အစုန် အထူးအမြန်ရထား လက်မှတ်ခများကို ဇူလိုင် ၁၁ ရက်မှ စတင်ကာ လျှော့ချပြေးဆွဲပေး လျက်ရှိကြောင်း မြန်မာ့မီးရထားရုံးချုပ်နေပြည်တော်မှ သိရသည်။
မန္တလေး-မြစ်ကြီးနားလမ်းပိုင်းပြေးဆွဲလျက်ရှိသော မီးရထားလက်မှတ်ခ များမှာ ယခင်က ရိုးရိုးတန်းလက်မှတ်အား ကျပ် ၉၅ဝဝ အဖြစ်မှ ကျပ် ၆၂ဝဝ သို့လည်းကောင်း၊ အထက်တန်းတွဲလက်မှတ်အား ယခင် ကျပ် ၁၈၈ဝဝ မှ ကျပ်၁၃ဝဝဝ သို့ လည်းကောင်း၊ အထက်တန်းအိပ်စင် လက်မှတ်ခတစ်စောင်လျှင် ကျပ် ၂၂၅ဝဝ အစား ကျပ် ၁၇ဝဝဝ ဖြင့် လည်းကောင်း အသီးသီးလျှော့ချ ပြေးဆွဲပေးလျက်ရှိကြောင်း သိရ သည်။
ထိုသို့လျှော့ချပေးခြင်းမှာ အထူး အမြန်ရထားစီးသူ များလာစေရန် နှင့် ခရီးသည်များအဆင်ပြေစွာ သွားလာနိုင်ရန်ဆောင်ရွက်ခြင်း ဖြစ်ပြီး မန္တလေး-ရွှေဘို ရိုးရိုးတန်း၊ အထက်တန်း၊ အထက်တန်းအိပ်စင်၊ မန္တလေး-ကောလင်း ရိုးရိုးတန်း၊ အထက်တန်း၊ အထက်တန်းအိပ်စင်၊ မန္တလေး-နဘားရိုးရိုးတန်း၊ အထက်တန်း၊ အထက်တန်းအိပ်စင်၊ မန္တလေး-မိုးညှင်း ရိုးရိုးတန်း၊ အထက်တန်း၊ အထက်တန်းအိပ်စင်၊ မန္တလေး-ဟိုပင် ရိုးရိုးတန်း၊ အထက်တန်း၊ အထက်တန်းအိပ်စင်၊ မန္တလေး-မိုးကောင်း ရိုးရိုးတန်း၊ အထက်တန်း၊ အထက်တန်းအိပ်စင် တို့ကိုလည်း ဘူတာစဉ်အလိုက် လက်မှတ်ခများကို လျှော့ချကောက် ခံသွားမည်ဖြစ်ကြောင်းသိရသည်။
(ရဲဝင်း)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မန္တလေး-မြစ်ကြီးနား အထူးအမြန် ရထားလက်မှတ်ခများ လျှော့ချ
Reviewed by THITHTOOLWIN
on
11:05
Rating:
