အမေရိကန်သံရုံးအတွင်း မျက်ရည်ယိုဗုံးဖောက်ခွဲမှုလေ့ကျင့်ခန်းပြုလုပ်စဉ် ဓာတ်ငွေ့များ ဝင်းအပြင်သို့ ပျံ့လွင့်မှုကြောင့် သွားလာသူတချို့ ဓာတ်ငွေ့ဒဏ်ခံစားရ


ရန်ကုန် ဇူလိုင် ၂၄

ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အမှတ် (၉)ရပ်ကွက် တက္ကသိုလ်ရိပ်သာလမ်း အမှတ်(၁၁ဝ)ရှိ အမေရိကန်သံရုံးဝင်းအတွင်း၌ ယနေ့ည ၈ နာရီခန့်က လုံခြုံရေးလေ့ကျင့်ခန်းပြုလုပ်စဉ် မျက်ရည်ယိုဗုံးဖောက်ခွဲရာမှ သံရုံးဝင်းအပြင် ဘက်သို့ ဓာတ်ငွေ့များ ပျံ့လွင့်မှုဖြစ်ပွားခဲ့သည်။

''ဓာတ်ငွေ့က ခြံဝင်းအပြင်ဘက်ကို လေနဲ့အတူ ရောက်သွားတယ်။ လမ်းပေါ်ကလူတွေ အငွေ့တွေ ရှူမိတာကတော့ ၁၅ မိနစ်လောက်ကြာတယ်။ ည ၈ နာရီ မိနစ် ၂ဝ လောက်မှာတော့ လုံးဝပြယ်သွားပါတယ်။ အခြား ထိခိုက်မိတာမျိုးမရှိပါဘူး။ သက်ဆိုင်ရာအဖွဲ့အစည်းတွေကလည်း အချိန်မီ သွားရောက်ခဲ့ပါတယ်'' ဟု ကမာရွတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းက ပြောသည်။

ထိုသို့ဖြစ်ပွားခဲ့မှုကြောင့် အမှတ် (၉) လုံခြုံရေးရဲတပ်ဖွဲ့ခွဲတပ်ရင်းမှူး ဒုရဲမှူးကြီးမျိုးမင်းလတ်၊ ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်း၊ စခန်းမှူး ဒုရဲမှူးသိန်းဟန်တို့နှင့်တာဝန်ရှိသူတို့က သွားရောက်စစ်ဆေးရာ အဆိုပါသံရုံးမှ လုံခြုံရေးအရာရှိက ၄င်းတို့သံရုံးတွင် လုံခြုံရေးဇာတ် တိုက်လေ့ကျင့်မှု အနေဖြင့် မျက်ရည်ယိုဗုံးတစ်လုံးဖောက်ခွဲစဉ် အငွေ့များ ပြင်ပသို့စိမ့်ထွက်ခြင်းကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း၊ နောက်နောင်စမ်းသပ်လိုပါက သက်ဆိုင်ရာတာဝန်ရှိ သူများထံ သတင်းပေးပို့ ခွင့်ပြုချက်ရယူသွားမည်ဖြစ်ကြောင်း ဖြစ်စဉ်နှင့် ပတ်သက်၍ ရှင်းပြကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ပတ်ဝန်းကျင်အနီးလမ်းပေါ်တွင် သွားလာနေ သူ ပြည်သူတချို့ဓာတ်ငွေ့ကြောင့် မျက်ရည်ကျမှုများ ဖြစ်ပွားခဲ့ကြောင်း သိရ သည်။

ဇော်ကြီး(ပဏီတ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
အမေရိကန်သံရုံးအတွင်း မျက်ရည်ယိုဗုံးဖောက်ခွဲမှုလေ့ကျင့်ခန်းပြုလုပ်စဉ် ဓာတ်ငွေ့များ ဝင်းအပြင်သို့ ပျံ့လွင့်မှုကြောင့် သွားလာသူတချို့ ဓာတ်ငွေ့ဒဏ်ခံစားရ အမေရိကန်သံရုံးအတွင်း မျက်ရည်ယိုဗုံးဖောက်ခွဲမှုလေ့ကျင့်ခန်းပြုလုပ်စဉ် ဓာတ်ငွေ့များ ဝင်းအပြင်သို့ ပျံ့လွင့်မှုကြောင့် သွားလာသူတချို့ ဓာတ်ငွေ့ဒဏ်ခံစားရ Reviewed by THITHTOOLWIN on 08:54 Rating: 5
Powered by Blogger.