မဘသ တရားဝင် အဖွဲ့အစည်းမဟုတ်ကြောင်း မဟနပြော

 အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့-မဘသရဲ့ ဇူလိုင်လ ၇ ရက်နေ့က ထုတ်ပြန်တဲ့ သဘောထားကြေညာချက်နဲ့ ပတ်သက်လို့ "နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့-မဟန ရဲ့ ကြေညာချက်" လို့ ယူဆရတဲ့ မူကြမ်းတခု မြန်မာလူမှုရေး သတင်းမီဒီယာမှာ ဇူလိုင်လ (၁၂) ရက်နေ့ ဒီကနေ့ ထွက်ပေါ်လာပါတယ်။
ရက်စွဲနဲ့လက်မှတ် ရေးထိုးထားခြင်း မရှိသေးတဲ့ ဒီဆုံးဖြတ်ချက်မူကြမ်းမှာ... "မဘသအဖွဲ့ သဘောထားအပေါ် မဟနအဖွဲ့က လုံးဝ-ကန့်ကွက်ကြောင်းနဲ့၊ သံဃာ့အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းတွေနဲ့ ညီညွတ်ခြင်းမရှိတဲ့အတွက် တရားဝင် အဖွဲ့အစည်းမဟုတ်ကြောင်း" ဖော်ပြထားပါတယ်။

 ဒီကြေညာချက်နဲ့အတူ မဘသ ကြေညာချက်အပေါ် သုံးသပ်တင်ပြချက်လို့ အမည်ပေးထားတဲ့ စာမျက်နှာ ၈ မျက်နှာပါ အမှုတင်ပြချက်ကိုလည်း မဟနရဲ့ သာသနာရေးအဖွဲ့ငယ် ဆရာတော်လေးပါးက လက်မှတ်ရေးထိုးထားပါတယ်။

 မြန်မာနိုင်ငံမှာ သံဃာ့အဖွဲ့အစည်းအဖြစ် မဟန ရှိနေပြီးဖြစ်တဲ့အတွက် မဘသ မရှိသင့်ကြောင်း စင်္ကာပူခရီးစဉ်အတွင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့တာနဲ့ပတ်သက်လို့ NLD ပါတီနဲ့အစိုးရက ၇ ရက်အတွင်း ဖြေရှင်းပေးဖို့ မဘသအရေးပေါ် အစည်းအဝေး ခေါ်ယူပြီး ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။

 ဒီတောင်းဆိုချက်ကြောင့် အစိုးရအဖွဲ့ကိုထောက်ခံတဲ့ ပြည်သူတွေနဲ့၊ မဘသအဖွဲ့ကို ထောက်ခံသူတွေအကြား သဘောထားတင်းမာမှုတွေ ရှိနေလာနေချိန်မှာ သံဃာ့မဟာနာယက အဖွဲ့ရဲ့ ကြေညာချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese


မဘသ တရားဝင် အဖွဲ့အစည်းမဟုတ်ကြောင်း မဟနပြော  မဘသ တရားဝင် အဖွဲ့အစည်းမဟုတ်ကြောင်း မဟနပြော Reviewed by THITHTOOLWIN on 23:07 Rating: 5
Powered by Blogger.