ချင်းတွင်းမြစ်အတွင်း မြို့၎-မြိုတွင် စိုးရိမ်ရေ အမှတ်အထက် ဆက်လက်တည်ရှိနိုင်


ဇူလိုင် ၁၃ ။

ချင်းတွင်းမြစ်ရေသည် ဇူလိုင် ၁၃-ရက်နေ့ခန့် မှန်းချက်များအရ မော်လိုက်မြို့၊ မင်းကင်းမြို့၊ ကလေးဝမြို့နှင့် မုံရွာမြို့များတွင် စိုးရိမ်ရေ အမှတ်များ အထက် ဆက်လက်တည်ရှိ နိုင်ကြောင်း မိုး/ဇလမှ ထိုနေ့မွန်းတည့် ၁၂နာရီခွဲက ထုတ်ပြန်ချက်အရ သိရသည်။

“စိုးရိမ်ရေ အမှတ်အထက်မှာ ဆက်ပြီးရှိနေတယ်။ မနှစ်က ကိုမင်မုန်တိုင်းနဲ့ မုတ်သုန်မိုးပေါင်း စပ်လိုက်တော့ မိုးများ တယ်။လက်ရှိမှာ မုတ်သုန်အား အသင့်အတင့်ရှိပြီးမြောက်ပိုင်း ရေဦးရေဖျားဒေသမှာ မိုးအားကောင်းလို့ မြစ်ရေကြီးမှု အလားအလာများတယ်။”ဟု မိုး/ဇလ အထက်မြန်မာပြည် ညွန်ကြားရေးမှူး ဦးကျော်လွင်ဦး ကပြောသည်။

ခန့်မှန်းချက်များအရ ချင်းတွင်းမြစ်ရေသည် မော်လိုက်မြို့တွင် ၄)ပေခန့်၊ ကလေးဝမြို့ နှင့် မင်းကင်းမြို့တို့တွင် (၂)ပေခွဲခန့်၊မုံရွာမြို့တွင် ပေ၀က်ခန့်စီ စိုးရိမ်ရေမှတ်များ အထက်ကျော် လွန်နေကြောင်း၊မော်လိုက်တွင် ၁၃၄၇-စင်တီမီတာ(စိုးရိမ်အမှတ်၁၂၃၀)ကလေးဝတွင် ၁၆၁၁-စင်တီမီတာ(စိုးရိမ်အမှတ်၁၅၅၀)မင်းကင်းတွင် ၁၄၁၉-စင်တီမီတာ(စိုးရိမ်အမှတ် ၁၃၅၀)နှင့် မုံရွာတွင် ၁၀၁၅စင်တီမီတာ(စိုးရိမ်အမှတ် ၁၀၀၀)ရှိကြောင်းသိရသည်။

Mandalay News
ချင်းတွင်းမြစ်အတွင်း မြို့၎-မြိုတွင် စိုးရိမ်ရေ အမှတ်အထက် ဆက်လက်တည်ရှိနိုင်  ချင်းတွင်းမြစ်အတွင်း မြို့၎-မြိုတွင် စိုးရိမ်ရေ အမှတ်အထက် ဆက်လက်တည်ရှိနိုင် Reviewed by THITHTOOLWIN on 22:02 Rating: 5
Powered by Blogger.